လက်ပံEP17

1.2K 83 5
                                    

မချစ်မနှစ်သက်သောသူနဲ့ ပေါင်းဖက်သွားရမဲ့
ဒုက္ခကို မောင်ကြည့်ရက်လို့လား..
ငါ့ အိုဇာတာထဲမှာ မောင်ပါမလာတာ
ဝမ်းနည်းဖို့တော့ကောင်းတယ်...

ဒီနေ့ အကိုသတိုးက အိမ်ကို လာတောင်းမယ်တဲ့

ကျနော် လက်ခံရတော့မယ် မောင်ရေ..

ကျနော့ ကလေး အတွက်...

အကိုသတိုးနဲ့ လက်ထပ်ပြီးရင်..

မောင့်ကို သက်ဆုံးတိုင် မေ့ ပြစ် ဖို့ ကြိုးစားတော့မယ်။

မောင် ပေးခဲ့တဲ့ နာရီလေးကို လက်ပံ လက်မှ ဖြုတ်ကာ..အဝတ်သေတ္တာရဲ့ အောက်ဆုံးကို
ထိုးထည့် ထား လိုက်သည်။

"စိတ်မကောင်းပါဘူး နာရီလေးရယ်..မင်းကိုပါ စွန့်ပစ်ရတော့..ငါတကယ်.စိတ်မကောင်းဘူး.. ”

လက်ပံ မျက်ရည်စတို့ ဝဲကျကာ..သေတ္တာကို ပိတ်ချ လိုက်သည်။...

"ဒေါက်....ဒေါက်...”

"လက်ပံရေ အောက်မှာ အကို​သတိုး တို့ရောက်နေပြီ ဆင်းခဲ့တော့..”

"ဟုတ် ဟုတ် ကြီးစိန် လာပြီနော်..”

လက်ပံ မျက်ရည်စတို့ကို လက်ဖြင့်ပင့်သုတ်ကာ..
အခန်းထဲက ထွက် လာ လိုက်သည်။

ဧည့်ခန်းတွင်တော့.. မေမေကြီးရယ် အကိုသတိုးမိဘတွေရယ် ပြီးတော့ အကိုသတိုးရယ်..

"လက်ပံ  လာလာ ဖွား ဘေးမှာပဲ လာထိုင်”

"ဟုတ်”
လက်ပံ ခေါင်းလေး ငုံ့ကာ မေမေကြီးဘေးတွင် ဝင် ထိုင် လိုက်သည်။

"သား လေးက ချစ်စရာလေးပဲ ရည်ရည်မွန်မွန်လေး ကျမသားက အရွေးတော်သား ပဲ... ”

သား ဖြစ်သူ ယူမဲ့ လူက မိန်းကလေးမဟုတ်ပဲ
ယောက်ျားလေး..ဖြစ်နေတာကိုတောင် သဘောမတူဘူးတချက်မ ညင်းပဲ  မိမိအား ချီးမွန်းကောင်းဖွင့်နေသူ အကိုသတိုးအမေအား လက်ပံ တချက်ကြည့်မိသည်။

ဂုဏ်သရေရှိ အသိုင်းအဝိုင်းကမို့ မိမိကို လက်မခံလောက်ဘူးဟု တွေးထားသော်လည်း..
ယခုနှင့် တခြားစီ...

အကိုသတိုးအဖေကတော့ စကားသိပ်မပြော
တခါတခါမှ ဝင်ပြော သည်။
အကိုသတိုးကတော့ ကျနော့်ကိုသာ အချိန်ပြည့်
တကြည့်ကြည့်လုပ်နေသည်။

လက်ပံ (Complete) Where stories live. Discover now