လက်ပံ Ep9

1.4K 116 0
                                    

၂၀၁၅ခု နစ် တပေါင်းလပြည့်ကျော် ၁၃ရက်

ရွှေစာရံ ဘုရား ပွဲ ပြီးတာ ၄ရက်ရှိပြီ..
လူပေါင်းစုံ ပြည့်နေတဲ့ ပွဲခင်းကြီး အခုတော့
ဘယ်သူမှ မရှိ..

ဘုရားပွဲ ပြီးသွား ပြီ ဆိုပေမဲ့ မောင်က နေ့တိုင်းလာတွေ့သည်။
မန္တလေးနဲ့က အရမ်းမှ မဝေး ပဲ....
မောင်ရှိရာအရပ်က နီးတယ်ဆိုတာကို တော့
လက်ခံပေး လို့ရတယ်။
အဝေးဆုံးကို ထွက်မပြေး ခင်အထိပေါ့.

နေ့တိုင်း ကျနော့ကို မောင် လာတွေ့တယ်
ပီးရင် ရွှေစာရံ ဘုရားမှာ ပန်းလှူ ဝတ်ပြုပြီးမှ
ဒုဠဝတီ မြစ်ကမ်းဆီ သွား ကြတာ..

မောင့်မှာ ဘုရားရောက်တိုင်းပြောနေကြစကားလေးရှိတယ်..

ရွှေစာရံကို သက်သေတည်၍ မောင့်သည်းငယ်ကို
ချစ် ရသည် တဲ့လေ....

စကားတွေ တအား တတ်တဲ့မောင့်ကို ရူးခါနေအောင် ချစ်ရပါတယ်။

မောင်ရော ချစ်ရဲ့ လား.....။

ဒီနေ့လည်း မောင့်နဲ့တွေ့ဖို့ တွေ့နေကြနေရာလေးမှာပဲလက်ပံ စောင့်နေခဲ့တယ်..
မောင်နဲ့ တွေ့တဲ့ရက်တိုင်း နေသာတယ်...
ကျေးဇူးတင်ပါတယ် နေမင်း ကြီး ရေ....

ဘေးပတ်ကျင်ကလဲ တိတ်ဆိတ်နေတယ်
တခါတခါမှတော့ ရွှေကျီးကန်းတို့ အသံက
တ အ အ နဲ့ ပေါ့....

လာနေပါ ပြီ ကျနော့ရဲ့ မောင်....

လက်တဖက်ကို အပေါ် မြှောက်က ကျနော်ကို့ဟိုးအဝေးကနေ လှမ်း နှုတ်ဆက်ပြနေတယ်..

ဖြည်းဖြည်းမောင်း လာပါ မောင်ရယ်
ကျနော့်ဆီမရောက်မှာ ကျ လို့...

" သည်းငယ် ရောက်နေတာ ကြာ ပြီ လား..
ကိုယ်လမ်းမှာ ဆီ ပျက်သွား လို့ ဆီ ပြန်ထည့်နေတာနဲ့ ကြာ သွားတယ်...ဆိုင်ကယ်ကို တွန်းနေရသေးတာ မော လိုက် တာ...”

အကျီစဖြင့် မျက်နှာကို ယပ်ခက်နေသော မောင့်အနား သွားကာ.

"ရေတော့ မပါလာဘူး မောင်ရ
အဆင်ပြေ ရဲ့လား..”

"ပြေတာပေါ့ ဟောဒီက အမော ပြေလေး ကို
တွေ့ လိုက်ရလို့လေ..”

ခေါင်းလေးကို ဖွဖွလေး ပုတ်ကာ ပြောလာသော
မောင့်ကို ချစ်ရပြန်သည်။

လက်ပံ (Complete) Where stories live. Discover now