လက်ပံEP30

1K 66 0
                                    

အောက်မှာ ဓနမောင် ရောက်နေတယ် ဆိုပြီး
လက်ပံလာ ခေါ်လို့ သတိုး အောက်ထက်ကို ဆင်းလာခဲ့ သည် ။ လှေကားက ဧည့် ခန်း ရဲ့ ရှေ့မှာ ဆိုတော့..လှေကား အပေါ် အစကနေပင်
ဧည့်ခန်း တွင်းကို မြင်နေရသည်။
ဧည့်ခန်းအတွင်းတွင် ဓနမောင်က သစ်တော၏
လက်ကို ပုတ်ကာ..အားပေးနှစ်သိမ့်နေသယောင်ယောင်.

သတိုး ထိုမြင်ကွင်းအား..မျက်မောင်ကျုံ့ပြီး ကြည့်ကာ..ဆင်း လာ ခဲ့ သည်။
သတိုးဆင်းလာတာကို ဓနရော.သစ်တောပါ မြင်သွား ကြသည်။ သတိုး၏ တင်းမာနေသော မျက်နှာထားကို ဓနက သတိပြုမိကာ ထိုင်နေရာမှ ထရပ် လိုက်သည်။..

"သတိုး..မတွေ့တာတောင် ကြာ.ပြီ..မင်းနဲနဲ ပိန်သွားသလိုပဲ...ကျန်းမာရေးကိုလဲ ဂရုစိုက်ပါဉီးကွာ..အလုပ်တွေပဲ ဖိ လုပ် မနေ ပါ နဲ့..”

"ဓန မင်း အပိုတွေ မပြောနဲ့..
သစ်တော ကိစ္စနဲ့ ငါ့အိမ်လာတာဆိုရင် မင်း ပြန်တော့..”

သတိုး၏ နှင်လွှတ်သော စကားကြောင့် ဓနမောင်
မျက်ခုံးပင့်သွားရသည်။
ဓန တရွေ့ရွေ့ ဖြင့် သတိုးနား သွားကာ
သတိုး၏ ပုခုံး ကိုပုတ်ကာ ဖြင့်..

"မင်းကလဲ ကွာ..ကလေးတွေဘက်ကိုလဲ ကြည့်ပေးပါဉီး..မင်းတောင် လက်ပံကို လက်ထပ် ချင် ပါချည်ရဲ့ ဆိုပြီး လာတောင်းရမ်းသေးတာပဲ..
ပြီးတော့..ဒါက ယောက်ျားလေးနဲ့ မိန်းကလေးပဲ
သင့်တော်ပါတယ်..”

"ငါနဲ့ လက်ပံက သက်သက်ကွ..အေး ငါ အဲ့ဟန်နီဆိုတဲ့ကောင်မလေးကို သဘောမကျဘူး ဝတ်တာစားတာ အကုန် ခေတ်ရှေ့ ပြေး လွန်းတယ်..
ငါ သဘောမတူ ပါဘူး ဆိုတဲ့ကြားက မင်းက
ဘာကိစ္စ ဝင်ပါနေရတာလဲ..ကွ ဟမ်...”

"ငါလဲ ဟန်နီ ကို လေ့လာ ပြီးပါပြီကွာ..ကောင်မလေးက အပြင်ပန်း ကသဘောကျစရာမရှိ သလောက် အတွင်းစိတ်က နူးညံ့ပါတယ်..
ထက်လဲ ထက်မြတ်တယ်..သစ်တောကိုလဲ
အရမ်း ချစ်တာကွ...ငါကတော့.မင်း ခေါင်းမခါစေချင်ဘူး..သူငယ်ချင်း...”

လက်ပံ ကော်ဖီခွက်တွေနဲ့ ဧည့်ခံဖို့ စားစရာမုန့်တွေ ပါ တဲ့ ဗန်းကို ကိုင်ကာ ဧည့်ခန်းအဝမှာ ရပ်ပြီး သတိုးနှင့်ဓနမောင် ပြောဆိုနေတာတွေက်ို နားထောင်နေမိသည်။

လက်ပံ (Complete) Where stories live. Discover now