လက်ပံEP 2

2.8K 181 3
                                    

လက်ပံ

"အသက်မကြီးသေး ပါ မောင်ရယ်
ထန်းရွက်ပုတီးလေး ဆွဲ ဖို့
ရွှေစာရံ ကို အရောက် သွား လို့ ဝယ်...."

သီချင်းလေး တညီးညီးနဲ့ ထန်းရွက် ပုတီး သီနေသော လက်ပံ ။ငယ်ငယ်ထဲက အဖေမသိ အမေဆိုတာ မမြင်ဖူး လက် ပံ ပင်အောက်မှာ ဘယ်သူဘယ်ဝါက စွန့်ပစ် သွားမှန်းမသိတဲ့ ဒီ ကလေး ကို
ရွာထိပ်က ဆရာတော် က ကျွေးမွေး ပြုစု လာခဲ့တာ အခု ၁၇နှစ် ကို ရောက်လေပီ။
ဘုန်းကြီးကျောင်းကမွေး ဘုန်းကြီးကျောင်းက ကျွေး သူမို့ ဘုန်းကြီးကျောင်းက သင်တဲ့စာ အနည်းငယ်တာ တတ်သည်။
လက်ပံ လို့ ဘာလို့ ခေါ်တာလဲ ဟု ဘုန်းဘုန်း ကို
တခါမေးဖူး ပါ သည် ဒကာလေး ကို လက်ပံပင်အောက်မှာ ကောက်ရခဲ့လို့ လက်ပံ လို့ ပေးထားတာ တဲ့လေ..။
အခုလဲ တပေါင်းလ ဘုရားပွဲတော် နေ့ရက်တွေမို့
မိမိသူငယ်ချင်း ထားဆွေတို့အိမ်မှာ ထန်းရွက်ပုတီး သွားကူ၍ သီပေး ခြင်း ဖစ်သည်။
ထားဆွေ ဆိုသည်မှာ အသံ ခပ်ပြဲပြဲနဲ့ ခင်စရာကောင်းသော ငယ်သူငယ်ချင်းပင် ဖစ်သည်။
လက်ပံ ငယ်ငယ်ထဲကနေခုချိန်ထိ ကစားဖော်ကစားဘက် သူငယ်ချင်းဆိုလို့ ထားဆွေ တယောက်သာ ရှိ သည်။

ထားဆွေ ၏ မိခင် မေလေးမြ ကလဲ လက်ပံကို သားတယောက် တဖွယ် ချစ်သည်။
လေးမြက တခါတခါ ဆိုဖူးသည်
လက်ပံလေးက ငါ့ ဝမ်းနဲ့ လွယ်မမွေး ထားတာပဲ ရှိတာ ငါ့ နို့ရည် နဲ့ ကြီးပြင်း လာတဲ့ ခလေး
ငါ့ သားလေး ပဲ တဲ့..
မှန်ပါသည် ကျနော့်ကို ငယ်ငယ်က မိခင်နို့အတွက် လေးမြကသာ တိုက်ကျွေးခဲ့သည်။

"အမလေး ကိုလက်ပံ တနေကုန် ဒီ နေရာပဲ
လှည့်ဆိုနေတယ် ဒီနေရာပဲ ရတာ လား နင်
ဟားဟားး"
ရုတ်တရက် ပခုံးကို ပုတ် ကာ မိမိအား လာ၍လှောင်ရယ် ပြော ဆိုသူက ထားဆွေပင်

"လန့်လိုက်တာ မိထားဆွေရာ
ဒီမှာ ပုတီး သီနေတာတောင် ပျက်သွားပီ
ဆိုနေတဲ့ ခံ စား ချက်လေး လဲ လေထဲ လွှင့်သွားပီ ထင်ပါ့ ဟာ ငါ အစအဆုံး ရတယ် နော်
ဆို ပြရမလား...
အဟမ်း ဟေဝန်စုံ..မြိုင်..."
"ဂါး တော်စမ်း နင့်အသံဆိုး ကြီးနဲ့.
ဒေါ်မာမာအေးတို့ ကြားရင် သူတို့သီချင်းဖျက်ပါတယ်ဆိုပြီး နင့်လာသတ်နေ မယ် "
မိမိအား အကောင်းကိုမမြင်သော ရှေ့က ငနဲမကို
စိတ်ရှိ လက်ရှိ ထုပစ်လိုက်ချင်သည် စိတ်ကို ထိန်းချုပ်ကာ ငနဲမအနောက်က အထုပ်လေးကို လက် ပံ လှန်းမြင်လိုက်သည်။

လက်ပံ (Complete) Onde histórias criam vida. Descubra agora