လက်ပံEp13

1.2K 87 2
                                    

လက်ပံ ကားနောက်ခန်း တံခါးပေါက်ကနေ အပြင်ကို ငေးနေမိသည်။ တခါမှမရောက်ဖူးသော...မြို့ပြကြီး ... ကားတွေကလဲ အမျိုးပေါင်းစုံ ကူးသန်းသွားလာနေကြ ၊ လူတွေ ကလဲ သွားလိုရာ သို့ ရွေ့လျားနေကြ....

ထို့နောက် ပတ်ဝန်းကျင်တိတ်ိတ်ဆိတ်ဆိတ်ရှိသောနေရာ... ၂ထိပ်တိုက် ၃ထပ်တိုက် တို့ ဖြင့်
ခမ်းနားထည်ဝါစွာ ရှိနေသော ရပ်ကွက် ကြီး တစ်ခု ထဲ ရောက် လာ လေ ပြီ ။

စီး လာသော taxiကလည်း ရုတ်တရက် ရပ်သွား ကာ.

"ကောင်လေး... မင်းရဲ့ လိပ်စာ အတိုင်းဆို ဒီအိမ်ပဲ ကွ...”

လက်ပံ taxiသမား ပြောစကားကြောင့် ကားတံခါးပေါက်ကနေ အပြင်သို့ ခေါင်း တချက် စောင်း၍ကြည့်ပြီးမှ ကားခ ကျသင့်ငွေရှင်းပြီး ကားပေါ်မှဆင်း လိုက်သည်။

လက်ထဲမှ မြဲနေအောင် ဆုတ်ကိုင် လာသော
လိပ်စာလေး အား တိုးတိုးလေး ရွတ် လိုက်သည်။

"အိမ်အမှတ် (...)နံ့သာမြိုင်စံအိမ်-လမ်း-ရပ်ကွက်-မြို့နယ်”

ပြီး လျှင် မောင့်အိမ်ဟုထင်ရသော
အိမ်ကြီး၏ ဝန်းတံခါးရှေ့ ရပ်ကာ
စံအိမ်ကြီးကို ငေး နေမိသည်။

ခမ်းနားထည်ဝါလှသော ဒီ စံ အိမ်ကြီးက မောင့်အိမ်တဲ့လား....

အတန်ကြာ တွေးတောနေတုန်းအသံတခုကြောင့် လက်ပံ အနည်းငယ် လန့် သွား သည်။

"ဟိတ် သား လေ ခြံရှေ့ မှာ ဘာလုပ်နေတာလဲ ကွဲ့....ဘယ်သူနဲ့ တွေ့ ချင် လို့လဲ.. ”

ခပ်ပုပုခပ်ဝ ဝ အဒေါ် ကြီး တယောက် ပင်
သားငါးဟင်းရွက်အစုံပါသည့်
စျေးခြင်းတောင်း အား ဆွဲ ထား ပုံအရ
စျေးမှ ပြန်လာတာနဲ့ တူ သည်။
လက်ပံ မိမိအား ခေါင်းအစခြေအဆုံး အခက်ခက်ဟန်ကြည့်နေသော အဒေါ်ကြီး အား
ပြုံး ပြ လိုက် သည်။

"ဟ်ို..ဒီ အိမ်မှာလေ အလုပ် လို လာ.ဟင်.အဒေါ်
ကျနော့ကို ကူညီပါလားဗျာ ကျနော် အလုပ် လိုချင်လို့ပါ...”

လက်ပံ သိမ်ငယ်စွာ ပြော တော့ အဒေါ် ကြီးမှာ သနားစိတ်ဝင်သွားသည် ထင်သည်။

"မင်း ကြည့်ရတာ ရိုးရိုးအေးအေးလေးပါကွယ်
အဒေါ်ကလည်း ဒီအိမ်က အလုပ် သမား ပါပဲ
မေမေကြီး ကို မေးကြည့်ပေးမယ်လေ လာ အထဲ လိုက် ခဲ့... ”

လက်ပံ (Complete) Where stories live. Discover now