လက်ပံEp 21

1.1K 86 0
                                    

ဒီနေ့...
လက်ပံ လုံးဝမရောက်ချင်သော ဒီနေ့ကို ရောက်
လာရသည်။..
အိမ်ရှေ့မှ ကားရပ်သံ ကြား သည်..
အကိုပြန်လာပြီထင်တယ်.... ဟိုလူများ ပါ လာ
မလား....
ရင်မဆိုင်ချင်ဘူး..အို မဟုတ်တာ ငါကဘာအမှားလုပ်ထားလို့ရင်မဆိုင်ရဲရမှာလဲ.....

..

ဓန လေယဥ်ဆင်းပြီး သတိုး လာကြိုလို့..
အိမ်ကိုပဲ တန်းမောင်း ခိုင်း လိုက်သည်။
တကယ် လို့ ကျနော့်ချစ်သူ ရွှေစာရံကကောင်လေးရောက်နေရင်..ဘယ်လို လုပ်ရမလဲ...

အိမ်ရောက်တော့ ဖွားကို မေးကြည့်တယ်
ကျနော်ထွက်သွားပြီးနောက်ပိုင်း အိမ်ကို ဘယ်သူ လာသေး လဲ လို့ မေးတော့ အသိမေ့တတ်တဲ့အရွယ်မို့ ဖွားက ဘယ်သူမှ မလာဘူးဟု ဖြေသည်။.
ဖွားနဲ့ တွေ့ပြီး သတိုးက သူ့အိမ်ကို လိုက်ခဲ့ဖို့ခေါ်သည်။..
သတိုး၏ အိမ်ကိုအသွား ကားပေါ်တွင်
သတိုးက ဓန မထင်မှတ်ထားသော စကားကိုပြောလိုက်သည်။
ဘာတဲ့ သူ့မှာ အိမ်ထောင်ရှိသွားပြီတဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က လက်ထပ်လိုက်တာတဲ့
ပြီးတော့ သူ့အိမ်ထောင်ဖက်က ယောက်ျားလေးတဲ့   .မွေးရာပါ သားအိမ်ပါနေလို့.ကလေးလေးတစ်ယောက်ပါ မွေးထားတယ်တဲ့..နာမည်ကိုတော့ လူချင်းတွေ့မှပဲ မိတ်ဆက်ပေးမယ်တဲ့
ငါတစ်ယောက်ပဲ gayထင်နေတာ ငါ့သူငယ်ချင်းလည်းငါနဲ့အတူတူပါပဲလား...
ဘာပဲ ဖြစ်ဖြစ် ဂုဏ်ယူပါတယ်ကွာ..

ငါကတော့ ဟိုးအတိတ်က ငါ့ချစ်သူလေးကို ပြန်ရှာရအုန်းမယ်ကွ....

သတိုး၏ အိမ်သို့ရောက်သော် ကျနော်တို့ ဧည့်ခန်းထဲမှာ ထိုင်ကာ ကျနော် ဘာလို့ ပျောက်သွားရကြောင်းတွေ ကို ပြောပြမိသည်။
ခနအကြာမှာတော့..ကလေးလေး တစ်ယောက်ကို ချီကာ ဧည့်ခန်းထဲကို ဝင်လာသော ပုံရိပ်တစ်ခုကြောင့် ဓနမောင်ရင်ထဲ ဝုန်းဆန်သွားရသည်။
ဘာလို့..ဘာလို့ မောင့်သည်းငယ်က ဒီရောက်နေတာလဲ...ငါအမြင်မှားတာလား..
ဓနမောင် မျက်တောင်မခက်ပဲ အတန်ကြာကြည့်နေမိသည်။

"လာ.. ထိုင် လက်ပံ... ကိုယ်မိတ်ဆက်ပေးမယ်..”

"..”

"သူက ဓနမောင်တဲ့ ကိုယ့်သူငယ်ချင်း သဘော်သားကြီး ဖွားရဲ့ မြေးအရင်း လေ..”

လက်ပံ (Complete) Where stories live. Discover now