လက်ပံEp25

1.1K 95 1
                                    

လက်ပံတို့​ခြံထဲထိကားကို ဓနမောင်းလာ လိုက်သည်။ သို့သော် အိမ်ရှေ့ စင်ဝင်အောက်မှာ ရပ်ထားသော အကို့သတိုးရဲ့ကား..
လက်ပံ ကြောက်လန့်မိသွားသည်။ မဟုတ်ဘူး
စိုးရိမ်နေတာ..

လက်ပံရော ဓနမောင်ပါ အိမ်ထဲမှာ သတိုးရောက်နေပြီကို သိနေသည်။
ကားသံကြားလို့ထင်သည် အကိုက အိမ်တံခါးပေါက်ဝကို ​ပြေးထွက်လာသည်။
လက်ပံက ကားပေါ်ကမဆင်းရသေး။
ကားပေါ်မှာ ဓနနှင့် လက်ပံအား အတူတွေ့လိုက်ရတော့ သတိုး မျက်နှာ တချက်ပျက်သွားသည်။
အကဲခက်၍သာကြည့်နေမိသည်။

လက်ပံလည်း ဓနကို ကျေးဇူးတင်ပါတယ် လို့ပြောခါ ကားပေါ်က အမြန်ဆင်းပြီး အိမ်ထဲကို ခေါင်းငုံ့ကာ တန်းဝင်သွားသည်။

ဓနလည်းကားပေါ်က မဆင်းပဲ အပေါ်ဝမှာရပ်နေသော သတိုးအား မလုံမလဲ ကြည့်ကာ..

"ငါ ငါ ပြန်လိုက်အုန်းမယ် သူငယ်ချင်း..
လက်ပံကိုလမ်းမှာတွေ့လို့ ခေါ်လာတာ..”

"အိမ်ထဲဝင်ပါဉီးလား..ဓန ရ”

"နေနေ ငါ ကိစ္စရှိသေးလို့ သွားတော့မယ်နော်  ”

"အေးအေး သွားသွား... ”

ဓနမောင်၏ကား ခြံပြင်ရောက်သွားမှ သတိုးအိမ်ထဲ ပြန်ဝင် လာ လိုက်သည်။ ပြီး လျှင် အိပ်ခန်းထဲသို့ လက်ပံရှိရာဆီ..
လက်ပံ ကြည့်ရတာ မူ မမှန် တစ်ခုခုတော့တစ်ခုခုပင်။

"အော် အကို.. ဒီမှာ အကိုနဲ့ လိုက်လောက်မယ်ထင်လို့ အကျီလေးဝယ်လာတယ်...”

လက်ပံ ကြံ ​ရာမရဖြစ်ကာ ဝယ်လာသော အထုတ်တွေထဲမှ အကျီတွေကို လိပ်ပြာမလုံစွာ
အကို့အား ပြနေမိသည်။
သတိုး ခေါင်းတချက်ရမ်းကာ ခုတင်ပေါ်မှာ ဘေးစောင်းထိုင်နေသူ လက်ပံ၏ လက်မောင်းနှစ်ဘက်ကို ကိုင်ကာ သူ့မျက်နှာဘက် လှည့် လိုက်သည်။

"လက်ပံ ဘာဖြစ်လာတာလဲ....
ဟင်..လက်ပံ ငိုထားတာလား..ဘာဖြစ်လို့လဲ..”.

အကိုနှင့် မျက်လုံးချင်းဆုံနေရာမှာ ကျနော် မျက်လွှာကိုအောက်ချကာ ငြင်းမိသည်။

"မငိုပါဘူး အကိုရ... ကျနော်က ဘာလို့ငိုရမှာလဲ..”

"မဟုတ်ဘူး..မင်းမျက်နှာက ငိုထားတဲမျက်နှာပါ
ကိုယ်သိနေတယ်..ကိုယ်က လက်ပံမျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ကောင်ပါကွာ
နဲနဲလေးပြောင်းသွားတာနဲ့ ကိုယ်သိတယ်..
ဘာဖြစ်လာတာလဲ..”

လက်ပံ (Complete) Where stories live. Discover now