လက်ပံEp11

1.3K 94 0
                                    

၂၀၁၅ခုနစ် ကဆုန် လဆန်း၅ရက်..

"မောင် ဘာပြော လိုက် တာ လဲ..”

"မောင် သဘော်ထွက်ရတော့မယ် လက်ပံ
ဒီတခေါက် က အရမ်း အရေး ကြီးတယ် လက်ပံရဲ့.... ရာထူးလဲ တက်မှာ ဒီတကြိမ်က
မောင် လိုက်မှ ဖြစ်မယ်..”

"ဘယ်လောက် ကြာမှာလဲ ဟင် ကျနော်
မောင်နဲ့ မခွဲ ခြင်ဘူး မဟုတ်ဘူး မခွဲနိုင်ဘူး”

ဓန မိမိရှေ့တွင် ဝမ်းနည်းစွာငိုနေသော လက်ပံအား ရင်ခွင်ထဲ ထည့်ကာ

"မောင် ပြန်လာမှာပါ လက်ပံရယ်....
မောင့်ကိုသာ စောင့်နေပေး....နော်
စောင့်နေမယ်မလား ဟင်.. ”

လက်ပံ မောင့်ရင်ခွင်မှာ ငိုရင်း ခေါင်းကိုသာ
ဆက်တိုက်ငြိမ့်နေသည်။ ကျနော် ရူးသွားမှာ
မောင်မရှိရင်.. ကျနော်ရူးသွားမှာ...

ဓန ရင်ခွင်ထဲက ကလေးငယ်ကို ဆွဲထုတ်ကာ
ကောင်လေးရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး
လက်ဖမိုးလေး ကို အနမ်းဖွဖွလေး ပေး လိုက်သည်။

ပြီးတော့ လက်ပံရဲ့ လက်ဝါးလေးကို ဖြန့်ခိုင်းကာ

"ရော့...  လက်ပံ ဒါ ရန်ကုန်က မောင့်အိမ်ရဲ့ လိပ်စာ.. အိမ်မှာ ဖွား ရှိတယ် ဖွားကို မောင် ဖုန်းဆက်ပြီး ပြော ထား လိုက်မယ် လက်ပံဆိုတဲ့ ကောင်လေး လာရင် အိမ်မှာ နေခိုင်း ထား လိုက်ပါ လို့ သူ့က ကျနော့ ချစ်သူ ဆို ပြီးလေ..”

လက်ပံ မောင် ပေးသော  မောင့် လိပ်စာ စာရွက်ကလေးအား ကြည့်ကာ နှုတ်ဆိတ်နေမိသည်။
စာရွက်ပေါ်က စာလုံး ဝိုင်းဝိုင်းလေးတွေကို လက်နဲ့ တို့ထိရင်း မျက်ဝန်းက မျက်ရည်စတို့ ဖြည်းငြင်းစွာ ကျလာသည်။

"လက်ပံ မောင်ပြော တာ ကြားလား...
မောင့်ကို မောင့် အိမ်ကနေ ဖစ်ဖစ် စောင့်နေပေးနော်.... မောင် တောင်းဆိုတာပါ....”

"အင်း ပါ မောင် ကျနော် စောင့်နေမှာမို့
မောင် တာ အရောက် ပြန် ခဲ့ နော်... ”

ပြောပြီးပြီးချင်း လက်ပံ မောင့်ရဲ့ ရင်ခွင်ထဲ အတင်းတိုးဝှေ့ကာ ငိုပြန်သည်။
မျက်ရည်တွေမကျချင်ဘူး မောင်
မောင်နဲ့ လည်း မခွဲချင်ဘူး...

လက်ပံ (Complete) Where stories live. Discover now