လက်ပံEP23

1.1K 81 0
                                    

ဓနမောင် ပြန်သွားပြီး ၁နာရီလောက်ကြာမှ
အကိုပြန်လာသည်။
ကားရပ်သံ ကြား လို့ လက်ပံ တံခါးဆီ အပြေးလေးလာခဲ့ သည်။ အကို အလုပ်က ပြန်လာတိုင်းဒီလို အိမ်အပေါက်ဝမှာ ကျနော်က စီးကြိုမြဲပင်။
သစ်တောကတော့ အခုထိ အရုပ်တွေနဲ့ဆော့နေသည်။ တစ်ဉီးထဲသော သားမို့ ပျော်အောင်ထားကာ အလို လိုက်ရသည်။.. ပြီး လျှင် သူ့မိဘနှစ်ယောက်လုံးက ယောက်ျားတွေချည်းမို့..
ပတ်ဝန်းကျင်မှာ မျက်နှာမငယ်အောင်လေ....

"အကို ဒီနေ့ပြန်လာတာစောတယ်နော်..”

"ဟုတ်တယ် လက်ပံနဲ့ သားလေးကို လွမ်း လို့လေ...စောပြန်လာတာ..”

"ပိုပြီ အကိုကတော့...လာလာအိမ်ထဲဝင်ရအောင်”

ဧည့်ခန်းရှေ့အရောက်တွင်..

"ဟာ...သား..ဘာတွေလုပ်နေတာတုန်းကွ..”

"ဒီမှာလေ daddyရ သားအတွက် ဉီးက လက်ဆောင်အရုပ်တွေ ဝယ်ပေး သွားတာ..”

"ဟုတ်လား....လက်ပံ ဓန လာ သွားတာလား”

"ပြီးတော့ daddy ၊ ဉီးက ဖေးလေးအတွက်
ကင်မရာလက်ဆောင်ပေးသွားသေးတယ်..”

"ဟာ ဟုတ်လား လက်ပံ..ဒီကောင်ပေးသွားတာဆိုရင်တော့ နိုင်ငံခြားကပါလာတာဖြစ်မယ်...
တန်ဖိုးကြီးမှာပဲ..ကိုယ့်ကို ပြ ပါ အုန်း...”

"အသုံးမလိုလို့ ကျနော် စတိုခန်းထဲမှာ ထားထားတယ်..”

"ဟာ လက်ပံရယ်.. ဟိုကစေတနာနဲ့ပေးတါကို..
စတိုးခန်းထဲ သွားပစ်ထား ရလား...”

"အော် daddy ၊ ဉီးကလေ ဟိုနေ့က ဖေလေးဆီဖုန်းဆက်သေးတယ်...”

"သစ်တော! ကလေးက ကလေးလိုနေစမ်း ဘာလို့စကား အရမ်းများနေတာလဲ..!”

လက်ပံ ကလေးကို အော်ပြောမိသည်။ ရင်ထဲမှာလဲ ကြောက်စိတ်ကအရမ်းဝင်နေသည်။

"လက်ပံ ဘာလို့ကလေးကို အော်တာလဲ..ဓနက
ဖုန်းဆက်လို့ ဖုန်းဆက်တယ်ပြောတာလေ..
အော်စရာ ပါ လို့လား..မင်းကဘာဖြစ်နေတာလဲ”

"ဘာမှ မဖြစ်ပါဘူး ကဲပါ အကိုရေချိုးတော့
ပြီးရင်ထမင်းစားရအောင်..”

ပြောပြီး ထွက်သွားသော လက်ပံကို သတိုးရိပ်မိနေသည်။ အကြောင်းအရာ တစ်ခုခု ရှိနေတယ်ဆိုတာ..ကိုယ်သိနေတယ်..လက်ပံ..

လက်ပံ (Complete) Where stories live. Discover now