လက်ပံ Ep12

1.2K 87 1
                                    

လွမ်း တယ် ....မောင်
စောင့်နေဖို့ မှာသွားတဲ့ ​မောင့်ကို ကျနော် မေ့ ဖို့ အမျိုးမျိုး ကြိုးစားတယ်..
ဒါပေမဲ့ မေ့မရဘူးမောင်...ကျနော် ဘာ လုပ် သင့် လဲ....

မောင် ရော ဟင် လို့ တယောက်တည်းမေးရင်း
ဒုဠဝတီ မြစ်ကြီးကို ငေးကြည့်နေမိတယ်
ဘာကြောင့် သဘာဝတရားဟာ ခွဲခွာခြင်းကို
မျက်နှာသာပေး ထား တာလဲ...

မောင်နဲ့မတွေ့ရတာ ၁လအတိရှိပြီ။
လက်ပံ မောင်နဲ့တွေ့နေကြ ဒုဠဝတီမြစ်ဘေးက ခုံတန်းလေး ပေါ် နေ့တိုင်းလာ ပြီး ထိုင်နေတတ်သည်။
အှုံ့မှိုင်းမှိုင်းသစ်ပင့်ကြီးပေါ်က ငှက်ခါး မောင်နှံကတော့ အဖော်မဲ့ လက်ပံအား လှောင်ရယ်ကာ
တဗြဲဗြဲအော် နေသလို.....

မြစ်ပြင်ယံက ဇင်ယောက်မောင်နှံကလဲ ထိုနည်းလည်းကောင်းပင်....

လက်ပံ မျက်စိအဆုံး ဟိုးအဝေး ကို သာ ငေးနေမိသည်။...

ငါတို့အတူရှိနေရင်းနဲ့ အတူမရှိနေတော့ဘူးဆိုတဲ့ ခံစား ချက်၊ နောက်ပြီး ငါ့အနီးအနားမှာ မောင်မရှိတော့ဘူးဆိုတဲ့အသိ၊ ဒါပေမဲ့ မောင့်အသံတွေကိုနေရာတိုင်းမှာ ကြား နေရသလိုလို....

လှည့်ကြည့်မိတိုင်း ပျောက်ကွယ်သွားတဲ့ မောင့်ပုံ ရိပ်ပဲ ငါမြင်နေရတယ်ဆိုတဲ့ အတွေးနဲ့ပဲ ဒီနေ့နေထပ်ဝင်သွားတယ်။
မျက်လုံးရှေ့က ဒုဠဝတီမြစ်ပြင်
မြစ်ပြင်ယံရဲ့ အပေါ်က ကောင်းကင်မှာတော့
တိမ်တွေရွေ့နေရင်း...မှောင်လာတယ်...။

မြင်နေကျနေရာကအသစ်ဘယ်တော့မှ မဖြစ်လာဘူးလို့ ငါခံစားနေရသရွေ့ ငါခံစားနေရတာကလည်း မောင့်အတွက်မြင်နေကျဖြစ်မာမဟုတ်ဘူး လို့ ငါထပ်တွေးမိတယ်။
ဝမ်းနည်းတဲ့ စိတ်တွေဝင်လာတိုင်း ငါတော့ပျောက်ကွယ်သွားနေတုန်းပဲ...
မောင်ရော ငါမရှိတဲ့ အရက်မှာပျော်နေမလား..
အဆက်အသွယ်တောင် မရတော့ဘူး...
သတိရတယ် မောင်.........

လက်ပံ မောင် ပေးခဲ့သော ပလက်တီနမ် နာရီအိမ်လေးကို တစိမ့်စိမ့်ကြည့်ရင်း ပါးပြင်ထက်က မျက်ရည်စတချို့ နာရီမှန်ပေါ်တို့ ကျသွားသည်။
လက်မကလေးဖြင့် ဖွဖွလေး သုတ်ကာ
နာရီလေးကိုး အနမ်းတစ်ပွင့်ပေး လိုက်သည်။

လက်ပံ (Complete) Where stories live. Discover now