လက်ပံEp27

994 71 1
                                    

"ယေး...daddy ..၊ ဖေလေး...သားဆယ်တန်းကို
ဂုဏ်ထူး ၆ဘာသာနဲ့အောင်တယ်.... ”

"ဒါမှ ငါ့သားကွ... သားလိုချင်တာပြော
Daddyဝယ်ပေးမယ်...”

လက်ပံတို့မိသားစု ပျော်ရွှင်မှုတွေနဲ့ ဧည့်ခန်းအတွင်း ပြုံးပျော်နေစဉ်မှာပင်
ကမ္ဘာပေါ်တွင် အပျော်ရွှင်နေဆုံးလူသား တစ်ယောက်ပမာ ဧည့်ခန်းထဲဝင်လာသူ...

"သား congratulations ပါ သား..
၆ဘာသာဂုဏ်ထူးဆိုတာ လွယ်လွယ်နဲ့ရတာမဟုတ်ဘူး..မင်းတော်တယ်..အ့ကြောင့်
သား လိုချင်တာ ကြိုက်တာပြော အကုန်ဝယ်ပေးမယ်..သားရဲ့အဖွားကလဲ အိမ်ကိုလိုက်ခဲ့ပါတဲ့..
မင်းတောင်းတာမှန်မျှဝယ်ပေးမယ်တဲ့...”

"ဟာ..ဉီး တကယ်ပြောတာလား..”

"တကယ်ပေါ့ကွ...”

"Daddy ၊ ဖေလေး အ့ဆို ဉီးကတိအတိုင်း သားလိုချင်တာတွေကို သွားဝယ်ခိုင်း လိုက်ဉီးမယ်”

"သတိုး ငါ သားလေးကိုခေါ်သွားဉီးမယ်..
လာ သား သွားရအောင်...”

အလောတကြီး ပုံစံဖြင့် ဧည့်ခန်းထဲ သို့ဝင်လာပြီး
သားကို လာခေါ်နေသော ဓနကို အံသြနေသူက
သတိုးပင်။ လက်ပံသည်လည်းအလား တူပင်။

"နေပါဉီး..ဓန မင်းက ငါ့သား ၆ဘာသာဂုဏ်ထူးပါတာ ဘယ်လိုသိတာလဲ..”

"အော် သားပဲ ဖုန်းဆက်ပြောတာလေ..ငါလေ ကြားကြား ခြင်း အရမ်းဝမ်းသာသွားတာ..”

သားက ဓနဆီကို အရင်ဖုန်းဆက်ပြီးပြောတာတဲ့လား..။ ငါက အဖေပါ ဘာလို့ သားနဲ့ပတ်သတ်ပြီး ဓနက သာသာနေရတာလဲ။ သတိုး ၏
မျက်နှာမှာ တင်းသွားကွာ လက်ပံကို တချက်ကြည့်သည်။

”ကဲ သား အမှတ်ကတော့ များမယ်ဆိုတာ ဉီး
သိတယ်..သား ဝါသနာ ပါရာ တတ်ပေါ့..”

"သားက ဉီး လို သဘော်သားကြီးပဲ လုပ်မှာ..”

"ဟာ..ဒါမှ ငါ့သားကွ.. ”

ဓနသည် ဝမ်းသားအားရဖြင့် သစ်တောကို ဖက်လိုက်သည်။
သတိုးနှင့် လက်ပံကမူ ငါ့သားဟု သုံးနှုန်းလိုက်သော ဓန၏ စကားအပြောအဆိုကြောင့် မျက်လုံးပြူး မျက်ဆံပြူး ဖစ်သွားရသည်။

ဓန သစ်တောကို ဖက်ထားရာမှ မျက်ရိပ်မျက်နှာကဲ ပျက်နေကြသော သတိုးနှင့်လက်ပံ၏ မျက်နှာတို့ကို မြင်သောအခါ..

လက်ပံ (Complete) Where stories live. Discover now