လက်ပံEP24

1K 81 7
                                    

"လက်ပံ မင်းပြန်မယ်ဆိုရင် ဒီကိစ္စတွေအားလုံးကို သတိုးနဲ့ကိုယ် ဆွေးနွေးရလိမ့်မယ် ဒါမှမဟုတ်
လက်ပံ ကိုယ်တိုင်ပဲ ကိုယ့်ကို ရှင်းပြမလား”

လက်ပံ ထိန်းချုပ်ထားသော မျက်ရည်စတို့မှာ ပါးပြင်ထက် စီးဆင်းနေသည်။
အသက်မဲ့စွာ ထိုင်ခုံပေါ်မှာ ပြန်ထိုင်ချမိသည်။
ပြီးလျှင် ပါးပြင်ထက်က မျက်ရည်စတို့ကို
လက်ဖြင့် သုတ်ရင်း..

"ခများ..တကယ်..သိချင်တာလား..ကိုဓန”

"ဟုတ်တယ်...ကိုယ်တကယ်သိချင်တယ်..”

"ကျနော် တောင်းဆိုတာကို လက်ခံရင် ကျနော်အစအဆုံးအမှန်တိုင်းပြောပြပေးမယ်..”

"လက်ပံက ဘာကိုတောင်းဆိုမှာလဲ..”

"ကျနော်မေးတာကိုပဲဖြေပါ..ကိုဓန..”

"ဟုတ်ပြီ ကိုယ်လက်ခံတယ်..ဆက်​ပြောပါ...”

"ကျနော် ခများကိုစောင့်ဖို့ ရန်ကုန်တက်လာခဲ့တယ် ...ကျနော်က ခများချစ်သူပါဆိုတာ အဖွားက ယောက်ျားလေးချင်းသဘောမတူမှာကိုကြောက်လို့ ကျနော် အိမ်အလုပ်သမားတစ်ယောက်အနေနဲ့နေခဲ့တယ်..ပြီးတော့ ကျနော့်မှာ
ကိုယ်ဝန်ရခဲ့တယ်..ကျနော့မှာ သားအိမ်ပါတာကို
ခများနဲ့အတူနေတဲ့ညက ကျနော်သတိမေ့သွားခဲ့တယ်..အဲ့ဒါနဲ့ ကျနော်မှာကိုယ်ဝန်ရှိကြောင်း မထင်ရှားခင်မှာ ကိုသတိုးက ကျနော့်ကို သဘောကျပြီး ဖွားဆီမှာ တောင်းရမ်းခဲ့တယ်
ဖွားက ကြည်ကြည်ဖြူဖြူသဘောတူတော့
သူ့နဲ့မြေးအရင်းနဲ့ဆိုရင်လဲ သဘောတူလောက်မယ်လို့တွေးခဲ့ပေးမဲ့ အဲ့ အချိန်မှာ ကျနော့်ဘေးကိုသတိုးကလွဲ တခြားသူမရှိခဲ့ဘူး..
အဲ့လိုနဲ့ပဲ အေးချမ်းတဲ့ ခိုလုံရာ အရိပ်တစ်ခုအောက်ကို ကျနော်ဝင်ခဲ့တယ် ..
အဲ့တာ ကိုသတိုးရဲ့ အရိမ်မြုံပဲ.......”

"...”

"ဒါတွေအားလုံးက ခများသိချင်တာတွေ အကုန်ပဲ..ကျနော်အမှန်အတိုင်းပြော ပြတာ.ပါ.."

"ကိုယ် နားလည်လိုက်ပါပြီ..
လက်ပံ မမှားပါဘူး..တကယ်တမ်း စဉ်းစားကြည့်လိုက်ရင် ဒါတွေအားလုံးက ကိုယ့်အပြစ်တွေချည်းပါပဲ....”

"ကျနော် ခများကိုလည်း အပြစ်မယူချင်တော့ပါဘူး..ကျနော်တို့ကို ကြိုးဆွဲတာ ကံကြမ္မာလို့ပဲ
မှတ်ယူလိုက်ကြတာပေါ့...”

လက်ပံ (Complete) Where stories live. Discover now