လက်ပံ Ep5

1.6K 136 3
                                    

ပွဲ စျေး တန်း တလျှောက် လက်ညိုးထိုးရာ
လိုက်ဝယ်ကျွေးသော အကို...
အချိန်ခဏလေး အတွင်း မှာ အဆင်ပြေ စွာ နဲ့
ခင်မင် သွား ကြတယ် ။
အကိုကပဲ ဖော်ရွှေလို့ လား ကျနော်ကပဲ သူ့ကို
စိတ်ဝင် စား လို့လား မပြောတတ်တော့..။

"လက်ပံ ဘာလို့ ဆိုင်တွေက ကွဲနေတာလဲ
ဟို ကိုယ်ပြော ချင် တာ က.... "

ဓန စကားပင် မဆုံး လိုက်

"ဒီ လို အကိုရ စောနက ပြော ဖို့မေ့သွား တယ်
အရှင်မစောမွန် လှက ရှမ်းပြည်ကလေ
အနော်ရထာက ဗမာ ဆိုတော့တော့
ဒီဘုရားပွဲ ကျင်းပတော့ အပိုင်း သတ်မှတ်ထားတာ ဟို ဘက်က ရှမ်း ရောင်းကုန်တွေ ရှမ်းအစားအစာတွေ ဒီ လက်ကျတော့ ဗမာ ရောင်းကုန်ဗမာ အစား အစာ တွေ လေ "

"ဝိုး အ့ လို ကို "

" ရှမ်းဘက်မှာက ပွဲ​တော် အမှတ်တရ အဖြစ် ငါးချဉ်တို့ ပဲပုတ်တို့ ခေါပုတ်တို့ ရှိတယ်
ဗမာဘက်က အမှတ်တရ ကတော့ ဟိုးက ထန်းရွက်ပုတီးလေးတွေ လေ.. "

လက်ပံ လက်ညိုးထိုးရာ ထန်းရွက်ပုတီးဆိုင်းတန်းလေးတွေဆီ လှမ်းကြည့်မိသည်။

"အင်း ကိုယ် အ့တာတော့ သိတယ်
ထန်းရွက်ကို ဘယ် လို ပုတီး သီ လဲ မသိဘူးနော်
ထူးဆန်းတယ် လက်ပံ ရော ထန်းရွက်ပုတီး သီတတ်လား "

"ဟုတ် သီ တတ်တယ် ထန်းရွက်ပုတီး လုပ်ပုံ ကိုလဲ သိတယ် ဒါက ကျနော်တို့အတွက် အသက်မွေးဝမ်းကြောင်း အလုပ်တခုလိုဖစ်နေတာဆိုတော့လေ ငယ်ငယ်ထဲက တတ်တာ.."

"Wow အ့တာဆို ကိုယ့်ကိုပြောပြလေ ဘယ်လို လုပ်ရလဲ ဆိုတာ... "

စိတ်ဝင်တစားနဲ့မေးနေသော လူသားကြောင့် လက်ပံ ပြော ပြရပေအုန်းမည်။
ချစ် လို့ လေ.....

"ကျနော် တို့က ထန်းရွက်ပုတီး သီဖို့အတွက်
သီတင်းကျွတ်လ တန်ဆောင်မုန်းလမှာ ထွက်တဲ့
ထန်းရွက်အဖူးလေးတွေကို ခုတ်ယူရတာ အကိုရ
အ့ထန်းရွက်ဖူး လေးတွေကို ဆေးရောင်စုံခြယ့်ပီ
ထ န်းရွက်ပုတီး ဖန်တီးတယ် ပြီးတော့ ထန်းရွက်ကနေ ငါးရုပ်လေးတွေ ယပ်တောင်တွေ
တံခွန်တိုင် လေး တွေ လုပ် တယ် အကိုရ
ဒီ ဝါး သေနတ်လေး တွေက တော့ ဝါးနဲ့ လုပ်ထားတာ "

လက်ပံ (Complete) Where stories live. Discover now