လက်ပံEp20

1.2K 87 1
                                    

                  ၅နှစ်ခန့်ကြာပြီးနောက်

လက်ပံ သားလေး၏ နာမည်ကို သစ်တော ဟု
အမည်ပေးထါးသည်။ အကိုကလဲ လှတယ်ဟုဆိုသောကြောင့်ပင်။ သစ်တောလေးက အခုဆို စကားတွေ အလွန်တတ်လာသည်။ အဆော့က မတ်သေးသည်။ တစ်ဉီးထဲမွေး ထားပေမဲ့ သူ့မှာအထီးမကျန် မေမေကြီးတို့အိမ်နှင့် မိမိအိမ်
ဟိုအိမ်ဆော့ ဒီအိမ်ဆော့ နဲ့ မအားနိုင်။
မေမေကြီးကလဲ သစ်တောလေးကို ချစ်ရှာသည်။
ဒါပေမဲ့ ကျနော် သားလေးကို အဲ့ဒီအိမ်သွားဆော့တာ သိပ်မကြိုက်ပါ ။

သားလေး အဲ့အိမ်ကပြန်လာရင် ဂျစ်ကအမြဲလုပ်သည်။ အဖွားလောက်လဲ သားကိုမချစ်ဘူးဟုဆိုသည့်စကားက သူ့ကိုငေါက်တိုင်းကြားရမြဲ။
အခုလဲ သူ့အဖေ company သွားထဲက အ့အိမ်မှာ နေခဲ့မယ်ဆိုပြီး လိုက်သွားတာ သူ့အဖေတောင်ပြန်ရောက်တော့မယ်..၊ အဲ့အိမ်က ခုထိပြန်လာမပို့သေး...။
လက်ပံ ပြတင်းပေါက်ကနေ ခြံဝက်ို လှမ်းကြည့်မိသည်။ အကို့ကား ခြံထဲဝင်လာသည်။
အောက်ထပ်ကို အပြေးဆင်းကာ....အကို့ကို တံခါးဝမှာ သွား ကြို လိုက်သည်။

..
သတိုးကား ကိုရပ်ပြီး အိမ်ထဲမှ ​ပြေးထွက်လာသူ
မိမိ၏ အိမ်ထောင်ဖက် ကောင်လေးရှေ့ ခြေစုံရပ်ကာ..

"လက်ပံ သားလေး ပြန်ရောက်ပြီလား..”

"မရောက်သေးပါဘူး အကိုရယ် ခုချိန်ထိ
လာလည်းမပို့ကြဘူး....တကယ်ပဲ အ့အိမ်နဲ့ သားလေးနဲ့ မပတ်သတ်စေချင်တော့ဘူး သားလေးက
အဲ့အိမ်ကိုပဲ အကောင်းမြင်နေတာ..မကြိုက်ပါဘူး”

"ကဲပါ လက်ပံရယ်...သားလေးပျော်သလိုနေပါစေ ကိုယ်တို့က မိဘတွေပဲဟာ.....”

လက်ပံ ဘာမှ ပြန်မပြော အကို့ဆီက အိတ်ကို
အသာလေး ယူကာ..နှစ်ယောက်သား
ဧည့်ခန်းဆီ ကို လျှောက်လှမ်း လာခဲ့သည်။

"ထိုင်ပြီး နား ဉီး... ကျနော် သံပုရာရည်လေးဖျော်ခဲ့မယ်...”

"ဟုတ်ပါပြီ ကိုယ့်သည်းငယ်ရယ်...အ့ကြောင့်
ချစ်တာ...”

လက်ပံ အကို့အတွက်သံပုရာရည်ဖျော်ရန် မီးဖိုခန်းထဲ ဝင်လာလိုက်သည်။..
မိအေးကတော့ ညစာအတွက် ပြင်ဆင်နေသည်။

လက်ပံ (Complete) Where stories live. Discover now