လက်ပံEP14

1.2K 94 1
                                    

လက်ပံ ဒေါ်စိန်နှင့်အတူ မီး ဖို ခန်းမှာ ချက်ရေးပြုတ်ရေး ကူ ညီရင်း မောင့် အကြောင်း တီးခေါက် ကြည့်မိသည်။

"ဒေါ်စိန် ”

"ဟေ  ဘာတုန်း”

"ဟို  ဧည့်ခန်းဒီဘက်က ခပ်ချောချော နဲ့ ဓာတ်ပုံထဲက လူက ဘယ်သူလဲ... ”

"အော်  အဲ့ဒါ အကိုလေး လေ နာမည်က ဓနမောင်တဲ့ သဘော်သား ပေါက်စရယ်
အိမ်မကပ်ဘူး ခရီးထွက်လိုက် သဘော် တက်လိုက်နဲ့ အခုလဲ ဘရာဇီး ဘက်ဆိုလား သဘော်လိုက်သွားတယ်ဆိုပြီး မေမေကြီးဆီက နဲနဲကား ထားတယ်...”

လက်ပံ ကန်စွန်းရွက် ကိုက်နေရင်း မောင့် အကြောင်းတွေကို ဒေါ်စိန်ဆီ အကုန်လိုက်မေးမိနေသည်။ ဒေါ်စိန်ကလည်း သူသိသလောက်ပြော ပြ ရှာ သည်။

လက်ပံ ဒေါ်စိန် ကို ကူ ပြီး နော်
အိမ်ခန်း ထဲ ထွက်လာ ကာ ရှေးဟောင်း ပန်းပု အရုပ်ကြီးတွေအား ဖုန်သုတ်နေလိုက်သည်။
တအိမ်လုံး လက်ရာမြောက် ပန်းချီပန်းပုတွေ ချည်း။ ဖွား မာဂရက်က မြန်မာ့မှုကို နှစ်သက်ဖွယ်။

လက်ပံ ဖုန်သုတ်နေတုန်း မေမေကြီး ကို ခေါ်နေသံကို ကြား လိုက်သည်။ မောင် ဟု ထင်သွားက
တံခါးမကြီး ရှိရာ အပြေးလေး ထွက် လာ ခဲ့ မိ လိုက်သည်။

သို့သော် လက်ပံ တွေ့လိုက်ရသူ မှာ မောင် မဟုတ်ပေ။ အရပ် ခပ်မြင့်မြင့်.. ဆံပင်ကို နောက် လှန် ဖီးထားသည်။ အသက်က မောင်နဲ့အတူတူလောက် ထင်ရ သည်။ gentleman ပုံစံဖမ်းထားသည့်အလား......

တံခါး မှ ကြီး မှ ဝင်လာသော သူနှင့်
ဖုန်သုတ် ကြက်တောင်မွှေးကို က်ိုင်ကာ ပြေးလယသော လက်ပံ ၊ ထိုသူနှင့် မလှမ်းမကမ်းရောက်မှ ခြေစုံ ရပ် မိသွားသည်။

ထိုအခိုက်.. နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် စူးစမ်းသိလို ကြည့်ပြီးမှ အကြည့်ချင်း ဆုံ မိသည်။

သတိုး.....

ဒီနေ့ company ကို စောစော သွားရမှာမို့ ထွက်လာရင်း အဖွားမာဂရက်ဆီ ခနဝင်မယ်ဆိုကာ
အဖွား နာမည် ကိုတစ်ကျော်ကျော် ခေါ်ကာ ဝင်လာမိသည်။ ခါတိုင်းလည်း ဒီလို ဝင်နေကြပါပဲ။

လက်ပံ (Complete) Where stories live. Discover now