လက်ပံEp28

1K 74 3
                                    

ဒီနေ့ ကျ​​ေနာ်တို့အိမ်မှာ  လူစုံတပ်စုံ ဖြစ်နေသည်။ မနေ့က သစ်တောက သူ့daddyကိုစိတ်ဆိုးပြီး သူ့အဖွားကို သွားတိုင်သည်ထင်သည်။
ဒီနေ့မနက် ဒေါ်မာဂရက်ရော ကိုဓနမောင်ပါ ရောက်လာသည်။
ဧည့်ခန်းတွင်မှာတော့ ကျနော်နဲ့ အကိုသတိုးက
တဖက် ၊ ဖွားရယ် သားရယ် ကိုဓနရယ်က တဖက်..

"ကဲပါ.. သတိုးရယ် ငါ့မြေး လိုချင်တာ ဝယ်ပေးလိုက်ပါ..မင်းပဲ လိုချင်တာဝယ်ပေးမယ်ပြောထားပြီးတော့..သူလဲ ဂုဏ်ထူး၆ဘာသာရအောင် ကြိုးစားခဲ့ရတာပဲ ကျောင်းကို ပြိုင်ကားလေးနဲ့ တက်ချင်မှာပေါ့ကွယ်....”

"မဟုတ်သေးဘူး ဖွားရယ်..သားကိုကားဝယ်ပေးဖို့ ကိစ္စက လုံးဝမသင့်တော်သေးဘူး သားက ခုမှ
အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်....ကားကို
ကိုယ်တိုင်မောင်းဖိူ့ ကျနော်စိတ်မချဘူး..”

"Daddyရာ ကျနော်ကားမောင်းတာ ကျွမ်းနေပီ
မယုံရင် ဉီးကို မေးကြည့်ပါလား..”

"ဟုတ်တယ်ကွ... သားက တော်တော်မောင်းတတ်နေပါပြီ..”

တချိန်လုံး စကားသိပ်နေသော လက်ပံ မှ
စကားဝိုင်းထဲ ဝင်ပါလာမိသည်။

"ကျနော် တစ်ခုလောက်ပြောပါရစေ...
ကျနော်တို့လဲ သားကို ချစ်ပါတယ်..
သူ့daddyဆိုလဲ သူ့သား မျက်နှာ တချက်အညိုးမခံအောင်ကို ချစ်တာပါ..အ့ကြောင့်လဲ အလိုလိုက်ထားတာ ဒါပေမဲ့ အလိုလိုက်တဲ့နေရာမှာလဲ သူ့နေရာနဲ့သူ ချင့်ချိန်ရပါသေးတယ်..
တော်ကြာ တစ်ချင်လွန်းအားကြီးရင် နှစ် ရာရောက်သွားမှာ စိုး လို့ပါ..”

"အမလေး... လက်ပံ မင်းပြောတာကို ငါ သဘောပေါက်ပါတယ်..ငါလဲ ဓနမောင်ကို အလိုလိုက်ပါတယ် သူပျက်စီး လို့လား ကြည့်. .
အေး သတိုး..ငါ့မြေးကို မင်းဝယ်မပေးရင် ငါကိုယ်တိုင်ဝယ်ပေး လိုက်တော့မယ်..”

"ဟာ ဖွား တကယ်ပြောတာလား..”

"တကယ်ပေါ့..”

ဒေါ်မာဂရက်က ဝယ်ပေးမယ်ဟုပြောတော့
အလယ်မှာ ထိုင်နေသည့် သစ်တောက
အဖွား အား ဖက်ကာ ပျော်နေသည်။
သတိုးကတော့ စိတ်ပင်မရှည်ချင်ဖြစ်သွားသည်။

"မဖြစ်ပါဘူး ဖွားရယ် ဖွား လဲ ဝယ်မပေးပါနဲ့
ကျနော်တောင်းပန်ပါတယ်..ဒီကောင်တွေက ကားကို ဂျိန်းစပွန်း လိုမောင်းကြမှာ ပြီးရင် အချင်းချင်း ပြိုင်မောင်းကြမှာကလဲ ရှိသေးတယ်
ကျနော်စိတ်မချ လို့ပါ ကျနော်တောင်းပန်ပါတယ်
ဖွားရာ..”

လက်ပံ (Complete) Where stories live. Discover now