လက်ပံEP32

1.3K 67 2
                                    

"အကို တစ်ခု သိထားရမှာက သားသမီးဆိုတာ
အရွယ်ရောက်လို့ အတောင်စုံရင်..လောကကြီးထဲကို ပျံသန်းသွားတတ်တာ ဓမ္မတာ..ပဲ အကိုရဲ့...
ကျနော်တို့က သူတို့ကို လွှတ်ပေး လိုက်ရမှာ ပဲ..
အဲ့ဒါက ဆုံးရှုံးမှု တစ်ရက်မဟုတ်ပါဘူး အကိုရဲ့
လောကရဲ့ သဘာဝတရား ပါပဲ...”

"ကိုယ် သိပါတယ်..ကိုယ်နားလည်ပါတယ်..လက်ပံရဲ့..ဒါပေမဲ့ သားရွေးထားတဲ့ သူက
ကိုယ့်ရဲ့ မျက်စိထဲမှာ လုံးဝ အချိုးမ​ပြေတဲ့သူ
လုံးဝ သဘောမကျတဲ့သူလေ လက်ပံရဲ့..အဲ့ဒါလဲ
သူ့အတွက် စေတနာနဲ့ ကိုယ် ပြောနေတာ...”

"ဒါပေမဲ့ အကိုရယ်...သားက ချစ်နေတယ်လေ..
ကျနော်တို့က ဘာ တက်နိုင်မှာလဲ အကိုရယ်...
ပြီးတော့..သားရွေးထားတာ..အဆိုးကြီးထဲကလဲ
မဟုတ်လောက်ပါဘူး..အကို..အစိုးရိမ်လွန်နေလို့
ဖြစ်မှာပါ...ကျနော်လည်း ဟန်နီရဲ့ အကြောင်းတွေကို စုံစမ်းကြည့်ပါအုန်းမယ်..”

"သားက..ကိုယ့်ရဲ့ မေတ္တာတွေကို ဘယ်တော့မှ မြင်မှာလည်း လက်ပံရယ်...ကိုယ် သားကို သိပ်ချစ်တာ..သူ့မိဘ နှစ်ယောက်လုံးက ယောက်ျားတွေချည်းမို့ ပတ်ဝန်းကျင်မှယ မျက်နှာမငယ်ရအောင် သူ့မျက်နှာ တချက်မပျက်ဖို့အရေး
ကိုယ်..အမြဲတွေးခဲ့တာ...သားက..ဒါတွေကို.မမြင်ဘူးကွာ...အဲ့တာကို...ကိုယ်..အခံစားရဆုံး....”

”ကျနော် သိပါတယ်...အကို...ဒါပေမဲ့..
အကိုက ဖခင်လေ..အဲ့တော့..သားနဲ့ဝေးမသွားမဲ့
နည်းလမ်းကို ရွေးရမှာပဲ..အကိုက သားကို ပြန်ပြီးစိန်မခေါ်ပါနဲ့...အကိုရွေးချယ်ရမှာက
သားက အကို့ဆီ ပြန်လာမဲ့ နည်းလမ်းကိုပဲ...”

"လက်ပံ​ပြော ချင်တာက..ကိုယ်က ဒူးထောက်ယအရှုံးပေးလိုက်ရမဲ့သဘောလား၊ ကိုယ်က
အလံဖြူ ပြလိုက်ရမဲ့ သဘောလား လက်ပံရဲ့
...”

"အကို..က..ဖခင်ပဲလေ..အကိုရယ်..
ကျနော်တို့က မိဘတွေ..မိဘဆိုတာ သားသမီးကို
အရှုံးပေးပြီး ချစ်ကြရတာပဲလေ....”

လက်ပံ အကို့ကို ကြည့်တော့ အကို ထပ်ငိုနေပြန်သည်။ ပြီးတော့ အကို့ကို ခုတင်ပေါ်မှာ
ထိုင်စေကာ..လက်ပံ အကို့အား..ရင်ခွင်အားမှီစေကာ..နောက်ကျောလေးအား ပုတ်ကာ နှစ်သိမ့် လိုက်သည်။..အကိုက..အ့လို ပုတ်လိုက်မှ ပိုငိုနေသည်။..အကိုက လူကဖြင့် အသက် သုံးဆယ်ကျော်နေပြီ အခုထိ အငိုသန်တုန်း..။

လက်ပံ (Complete) Where stories live. Discover now