လက်ပံEp7

1.3K 149 7
                                    


နားရှိလို့သာကြား ရတယ် မယုံနိုင်ဘူး အကိုရယ်
ဒါ အိမ်မက်နေတာတော့ မဟုတ်ဘူးမလားဟင်
ကျနော် ချစ်ရတဲ့သူက ကျနော့ကို ချစ်တယ်လို့
ဖွင့်ပြော ပြနေတယ်။ စတွေ့တဲ့နေ့က စချစ်မိတာတဲ့။ မြင်မြင် ချစ်တယ်ဆိုတဲ့ အဖြစ်ကို စာအုပ်တွေထဲမှာပဲ ဖတ်ဖူး ခဲ့တာ..
လက်တွေ့မှာ ရှိလိမ့်မယ်လို့ မထင်မိဘူး..

"အ အကို စ နေတာ မလား..”

"ဟောဗျာ ဒါ စစရာနောက်စရာ လို့များ ထင်နေလား လက်ပံရယ်  ...ဟင်  ..ကိုယ့်မျက်နှာကို
ကြည့်ပါအုန်း ဒါ စ စရာလား..”

ချိုသာသော အသံ ဖြင့် ပုခုံးနှစ်ဖက်ကို ကိုင်လာသော အကို့ကြောင့် ကျနော် ရူးတော့မယ်..အကို

"ဟို..  အ့ လို.  သဘော မျိုး မဟုတ်ပါဘူး ..
ဟို.. လေ.. ”

တဟိုဟိုနဲ့ ရှေ့ကအကောင်ပေါက်လေးကို ဓန
အူယားလာပြန်သည်။ ရှက်နေတာလေးကိုက ကွာ

"ကဲ ပါ လက်ပံ အဆင်မပြေရင်လဲ ရတယ်
ကိုယ့်ဘက်က ချစ်နေကြောင်း လက်ပံဆီမှာ
အရိုးရှင်းဆုံး ဝင်ခံတာ..လက်ပံ ပြန်မချစ်လဲ
ရပါတယ် ကိုယ် အဆင်ပြေတယ်.....”

သိမ်ဝင်သွားသော အကို့အသံကြောင့် လက်ပံ စိတ်မကောင်း ဖြစ်မိသည်။ ကျနော် လဲ ချစ်တာပေါ့ လို့..

"ကျနော်လဲ..  ကျနော်လဲ အကို့ကို ချစ်ပါ တယ်"

မဝင့်မရဲလေး ထွက်လာသော လက်ပံဆီက သူမျှော်လင့်ရတဲ့ စကားတခွန်းကြောင့် ဓန ထခုန်မတက် ပျော် သွား ပါ သည်။

"လက်ပံ ကိုယ့်ကို ဘာပြော လိုက်တာလဲ
ပြန်ပြောစမ်းပါ ကိုယ်မကြား လိုက်လို့”

"ဟာ အကိုကလဲ ကြားရဲ့ သား နဲ့ ”

"တကယ်ပါ ကိုယ် နဲနဲ မရှင်း လိုက်ဘူး ပြန်ပြောပါဉီး.. နော်...နော် ”

ကျနော့ရှေ့တွင် လို ချင်တာကို အတင်းပူဆာနေသော ကလေးတယောက်နှဲ တ နော် နော် ဖြင့်
ကျနော့ လက်ကလေးကို လာဆုပ် ကိုင် လာသော
သူ..။

"ဟော ဒီက လက်ပံက ဓနမောင် ဆိုတဲ့ လူကြီးကို
ချစ်ပါသတဲ့ဗျာ..”

"ဟာ..  ချစ် လိုက် တာ ကွာ..  ကိုယ့်ရဲ့သည်းငယ်လေး....”

ဓန သူ့ရဲ့ အကောင်ပေါက်လေး ကို ရင်ခွင်ထဲ ထွေးပွေ့ ထား လိုက် သည်။... ဒီနေ့ကတော့ နှစ်ယောက်လုံး အတွက်
အပျော် ဆုံးနေ့ပင်.. နောက်နေ့တွေရော သူတို့နှစ်ယောက်အတွက် ပျော်စရာတွေ ရှိ လာ နိုင် ပါ့မလား.....ကံတရားက ခွဲခွာရ ခြင်းကို မျက်နှသာ ပေး လေ မလား...။

လက်ပံ (Complete) Where stories live. Discover now