လက်ပံEp8

1.3K 123 7
                                    

မိမိတို့ နှစ်ယောက် ချစ်သူ ဖစ်သွားကြောင်း
ထားဆွေအား ဖွင့် ပြော မိသည်။လက်ပံ တိုင်ပင်စရာဆိုလို့ ထားဆွေပဲ ရှိသည် မဟုတ်လား။
ကျနော် ပြောတာကို ထားဆွေက ချက်ချင်း မယုံဘူး။ သူ ဒါမျိုးကို တခါမှ မမြင်တွေ့ဖူးဘူးတဲ့လေ

လေးမြကို သွား မပြော ဖို့တော့ အသိပေးထါးပေမဲ့ ထားဆွေ ပါးစပ် သိတဲ့အတိုင်း လစ်ကနဲဆို
ထွက်ထွက်သွား မှာစိုးရတယ်။..
အ့ဒီအတွက် အကြိမ်ကြိမ်တောင်းပန်နေရတယ်။
ပါးစပ်လုံ ဖို့ ပွဲစျေးက သူစားချင်တာ မှန်သမျှ လိုက်ကျွေးရသေးတယ်။

ဘုရားပွဲ ကလဲ နောက်ဆုံးနေ့ ဆ်ိုတော့..
မသိမ်းသေးတဲ့ ဆိုင်တွေက လိုချင်တာမှန်သမျှ ဝယ်ပေးနေရသည်။ မရှိမဲ့ရှိမဲ့ စုထားတာလေးတွေ ကုန်တော့မှာ ပဲ.............. 😞

ဘုရားပွဲပြီးရင် မောင် က ရန်ကုန်ကို ပြန်မယ်ထင်တယ်..
ငါ တယောက်ထဲ ကျန်ခဲ့တော့မှာ လား..
တွေးရင်း ခွဲရမည်ကို မုန်းတီးနေမိသည်။

မောင် လာရင် မေး ကြည့်ရမယ် ငါ့ကို ထားသွားမှာလား လို့လေ.....

"ဟဲ့ ဘာတွေ စဉ်းစားနေတာလဲ အာပူ လျှာပူ တွေအေး ကုန်တော့မှာပဲ သောက် နင်မသောက်ရင်
ငါ သောက် လိုက်မှာနော်”

"အေး အေး သောက် ပြီးရင် ပိုက်ဆံ နင်ရှင်း”

"ဟီးဟီး သူငယ်ချင်းလေးကလဲ
ငါက စတာ သောက်​သောက် ပူရင်ငါမှုတ်ပေးမယ်..... ဖူး....ဖူး...”

"ရတယ် မမှုတ် တံတွေးတွေ ဝင်ကုန်မယ် သွား
ကိုယ့်ဖာသူ အေးဆေး သောက် ”

"ပီးရော့”

ဆူအောင့်စွာ ဘေး လှည့်သွားသော သူငယ်ချင်းက
လက်ပံ ဂရုမစိုက်နိုင်ပါ မောင်နဲ့ ခွဲရမှာပဲ သေ မလောက်ကြောက်နေမိတယ်။
ရှေ့ဆက် အနာဂတ်ကို ကြိုမတွေးရဲဘူး မောင်ရယ်.... ကျနော်တို့မတွေ့ခဲ့ကြရင် ကောင်းသားး

....

မောင့် ကို့ စောင့် နေတာ.. ၁၂မိနစ်ရှိပြီ
သူချိန်းထားတာ ၁၀:၁၅
အခု ၁၀:၂၇ ရှိနေပြီ.

"တီ...တီ...တီ...”

ဆိုင်ကယ်ဟွန်းသံကြား လို့ လက်ပံ နောက်သို့ လှည့်ကြည့်မိသည်။

လက်ပံ (Complete) Where stories live. Discover now