လက်ပံEP18

1.2K 94 2
                                    

အကိုနဲ့လက်ထပ်ပြီး အကိုက သူ့မိဘအိမ်နဲ့ရော
မေမေကြီးတို့အိမ်နဲ့ ရော နီးအောင်ဆိုပြီး အ့ရပ်ကွက်ထဲမှာပဲ ကျနော်တို့နှစ်ယောက်နေဖို့အတွက် အိမ်တစ်လုံး ဝယ် လိုက်တယ်...

အကိုနဲ့ အတူနေလာတာ ၁လအတိ ရှိပြီ။
အကိုက ကျနော့်အပေါ်ဂရုစိုက်မှုတွေရော့မသွားခဲ့ဘူး.။ တစ်နေ့ထက်တစ်နေ့ပိုဂရုစိုက်တယ်..
ချစ်လဲ ချစ်တယ်။ ကျနော့ဘက်ကသာ အချစ်ဆိုတာကြီးကို မယုံချင်တော့တာ..ဒါကြောင့်ပဲ
အကို့ကို အိမ်ထောင်သက်တမ်း၁လမှာ ကျနော်ချစ်တယ်လို့ မပြောခဲဲ့ဖူးဘူး။
အကို့ဘက်ကလည်း ချစ်လားလို့မပေးခဲ့ဖူးဘူး။

တခါတော့ ပြော ဖူးတယ်..

မင်းကို ကိုယ်ကအရမ်းချစ်လို့ ကိုယ်ချစ်တာပဲ
မင်းသိနေရင်ရပီ..ကျန်တာတွေမလိုဘူးတဲ့..

ကျနော်ပျော်ပါတယ်..၊ အိမ်ထောင်ဉီးစီးတစ်ယောက်ပီသသော အကို့ကြောင့်.... ပျော်နေရပါသည်။...

(လေပြေလာပြီး မုန်တိုင်းမဝင်ခင်ထိပေါ့)

အခုအကိုက company သွား ပြီ ။

ကျနော်ကတော့ အိမ်မှာပဲ အိမ်အလုပ် လုပ်စရာရှိတာလုပ်တယ် ။
ကျနော်တစ်ယောက်ထဲ ပျင်းနေမှာစိုးလို့ဆိုပြီး
အကိုက အိမ်အကူကောင်မလေးတစ်ယောက်ခေါ်ပေးထါးတယ်။ ဒါပေမဲ့ ကျနော်ကပဲ အိမ်အလုပ်တွေကို ဒိုင်းခံပြီးလုပ်ဖစ်တယ်။ အိမ်အကူမလေးကတော့ ဘေးကနေဝိုင်းကူရုံပါပဲ။...

ကျနော်က နေ့စဉ် အကိုအိပ်ယာမထခင်အရင်ထတယ်။
အကို ရေချိုးသွားတိုက်ဖို့ တဘက် လည်းအဆင်သင့်၊ သွားပွတ်သံမှာ သွားတိုက်ဆေးကလည်းအဆင်သင့် ပြီးတော့..ရေချိုးပြီးဝတ်ဖို့ ဝတ်စုံကလည်းအဆင်သင့်ပဲ ၊ ကြယ်စေ့ပါတွယ်ပေပြီး နက်ကတိုင် ကိုပါ တပ်ပေးရသိအထိ ကျနော်ပဲလုပ်ပေး တာ...
အကိုစားဖို့မနက်စာ ကလည်း အဆင်သင့်ပဲ...

ကျနော့်ရဲ့ အိမ်ဉီးနတ်အတွက် ကျနော် ပါရမီဖြည့်ဘက်ကောင်းတစ်ယောက် ဖြစ်ဖို့ လိုတယ်လေ။

အကို အလုပ်သွား တော့ ကျနော်လဲ ဧည့်ခန်းထဲမှာ ထိုင်ကာ အချဉ်ထုတ်စားရင်း မိအေး(အိမ်အကူ)နှင့်အတူကိုရီးယားကား ကြည့်နေလိုက်သည်။ အိမ်အလုပ်တွေလဲ ပြီးပြီးဆိုတော့ အနားယူ ချိန်ရောက်ပြီလေ။

လက်ပံ (Complete) Tempat cerita menjadi hidup. Temukan sekarang