Part 44(Unicode)

6.5K 1.3K 220
                                    

Chapter 44;

ထိုညတွင် ကျန်ချန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
သွား၏။နှစ်နှစ်ခြိုက်ခြိုက်မအိပ်ခင် ၊အိပ်မက်
ဆိုးတစ်ခုနှစ်ခုမက်ပေမယ့် ရှင်းရှင်းလင်းလင်း
မမှတ်မိတော့ချေ။မနက်မိုးလင်းလာတဲ့ထိတိုင်
သူနှစ်ခြိုက်စွာအိပ်ပျော်နေခဲ့ပြီး အေးစိမ့်လွန်း
သည့်အအေးဓာတ်ကြောင့်နိုးလာ၏။

အပြင်ဘက်ကောင်းကင်ကထိန်ထိန်လင်းနေ
ပြီဖြစ်သည်။ခန့်မှန်းကြည့်သလောက်,အချိန်
အားဖြင့် မနက်၇နာရီ,၈နာရီဖြစ်နိုင်၏။အခန်း
အတွင်းရှိအုတ်မီးဖိုကမီးငြိမ်းနေကာ ဖွင့်ထား
သောပြတင်းပေါက်တံခါးရွက်ရဲ့အဟမှအေး
သောလေများဝင်လာ၏။ကျန်ချန်သည်မျက်
လုံးဖွင့်ဖွင့်ချင်း၊အအေးကြောင့်ဆက်တိုက်နှာ
ချေလိုက်သည်။

သူ လက်ဆန့်ပြီးဘေးတစ်ဝိုက်ကိုစမ်းကြည့်လျှင် ဘယ်သူမှမရှိတော့ပေ။

ကျန်ချန် လှည့်ကြည့်သည့်အခါ၊ ကုဖေးက
သူ့ဘေးမှထွက်သွားတာကြာပြီဖြစ်ကြောင်း
သိလိုက်၏။

ကုဖေးသည်ကျောင်းပိတ်ရက်မှာမနက်အစော
နိုးနေသောအချက်က သူ့ကိုအံ့အားသင့်စေ၏။
ဒါပေမယ့်,ညတုန်းကအဖြစ်အပျက်များကိုပြန်
မှတ်မိချိန်တွင်အေးစက်တောင့်တင်းသွားသည်

ကျန်ချန် ဆိုဖာပေါ်မှငေါက်ငနဲထထိုင်ပြီး ဆံပင်များအား လက်နှင့်ခပ်ကြမ်းကြမ်းဖွလိုက်၏။

ယခုတစ်ခါလည်း  အရက်သည် သူ့ကို အနိုင်ရသွားသည်လား!

ရူးသွပ်မှုက အနိုင်ထပ်ရသွားသည်လား......

ဒါပေမယ့်, သူ့ရဲ့ ထူးဆန်းသည့်အပြုအမူနှင့်ပတ်သက်ပြီးရှက်ရွံမှုက မကြာပါချေ။ ထိတ်
ထိတ်ပျာပျာခံစားချက်များခဏချင်းမှေးမှိန်
ပျောက်ကွယ်သွား၏။

ကျန်ချန်,ငါ့ကောင်.....ဘာလို့သောက်ရေး မပါ
တာပဲ လုပ်နေတာလဲ?

ဖြစ်တာကဖြစ်ပြီးသွားပြီ။ဒါပေမယ့်,မနက်
မိုးလင်းလာတဲ့အခါကျမင်းလုပ်ခဲ့သမျှကိစ္စ
တိုင်းရဲ့လောင်းရိပ်ကပြေးမလွတ်ကင်းတာ
ကျ ဒီကောင်ဖြစ်နေပြီ!

သောက်ကျိုးနည်း!

ဘာဆက်လုပ်ရတော့မှာလဲ!

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now