Part 47(unicode)

7.1K 1.3K 386
                                    

Chapter 47;

ဆန်ကိတ်သည်တကယ်အရသာရှိ၏။မုန့်ဆိုင်
မှာမထင်ရှား​ပေမယ့်အရသာမှာအထူးကောင်း
မွန်သည်။ကုဖေးရဲ့အရည်အချင်းကိုသူ အသိ
အမှတ်ပြုရလိမ့်မည်။

သူ ဝမ်းနည်းတကြီးငိုကြွေးပြီးနောက် သူ့နှလုံး
သားကနည်းနည်းတင်းတိမ်သွား၏။ကိစ္စတိုင်း
အားအသေးစိတ်မတွေးချင်တော့ပေ။ ယခုဆို
သူလိုအပ်သမျှဝယ်ပြီး၊ ဗိုက်တင်းတဲ့အထိစား
သောက်ခဲ့၏။ဆိုင်လေးထဲမှ ပြန်ထွက်လာချိန်
ကျန်ချန်ကြုံ့ထိုးလိုက်သည်။ သူ့ရဲ့ပြည့်တင်း
နေသောဗိုက်ကသက်တောင့်သက်သာဖြစ်လာ
၏။

"ပြန်တော့မလား။"
ကုဖေးက ဖုန်းထဲမှအချိန်ကိုကြည့်ပြီး
မေးလာသည်။
"မင်း စာကြည့်အုံးမှာမလား။"

"စာပြန်ကြည့်စရာမလိုဘူး။ဒါပေမယ့်,ငါ
အိပ်ချင်နေပြီ။ငါကစာမေးပွဲမဖြေခင်ရက်
ပိုင်းဆို ဘယ်တော့မှစာပြန်မကြည့်ဘူး။စာ
မေးပွဲငယ်ငယ်ကြီးကြီးကိစ္စမရှိဘူး။အိပ်ရေး
ဝဖို့လိုတယ်။"

ကုဖေးက ပြန်ဖြေ၏။
"အိုး,အတူတူပဲ။ ငါလည်း စာမေးပွဲ ကြီးကြီး
ငယ်ငယ်ဂရုမစိုက်ဘူး။နှစ်တိုင်းစာမေးပွဲခန်း
ထဲမှာအိပ်တယ်။"

ကျန်ချန်ရယ်ချင်စိတ်အားမထိန်းလိုက်နိုင်ပေ။
နှစ်ယောက်သည်ခေါင်းငုံ့ကာရယ်လိုက်၏။သူ
အရယ်လွန်ပြီး နှာရည် ကျလာသည့်အခါ တစ်ရှုး
တစ်ရွက်ထုတ်ပြီးနှာခေါင်းအားဖိသုပ်လိုက်တယ်။
"ချီးပဲ!"

"ပြန်ရအောင်။မြန်မြန် အိပ်ပျော်အောင် အိပ်။ရာသီဥတုကအေးနေပြီ၊စာမေးပွဲဖြေရင်းတန်း
လန်းအိပ်ငိုက်လိမ့်မယ်။"

ကျန်ချန် လက်ယမ်းလိုက်တယ်။
"အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး။ငါက စာမေးပွဲကို
မျက်လုံးမှိတ်ပြီးဖြေနိုင်တယ်။"

"အဲ့လိုတော့မဖြစ်ဘူးထင်တယ်။မင်း မျက်လုံး
ဖွင့်ရေးထားတဲ့စာတွေတောင်နားလည်ဖို့မလွယ်တာ...မျက်လုံးမှိတ်ပြီး ရေးရင်..."

ကျန်ချန် ထပ်ရယ်လိုက်၏။
"မင်းရဲ့ပါးစပ်ကို ဒီလောင်ဇီအတွက်
ပိတ်ထားစမ်းပါ။"

သူတို့နှစ်ယောက်သည် စက်ဘီးကိုယ်စီ ဖြည်း
ဖြည်းချင်းနင်းပြီးသူငှားထားသောအဆောက်
အဦးဆီပြန်ခဲ့သည်​။ယခုတစ်ကြိမ်တွင်ကုဖေး
ကအပေါ်မတက်​ေပ။စက်ဘီးရဲ့နောက်ခုံပေါ်မှ
ပစ္စည်းများကို သူ့ဆီကမ်းပေးလာ၏။
"မင်း လမ်းပျောက်ရင် ငါ့ဆီဖုန်းဆက်လိုက်။
ငါ မင်းကိုပြောပြမယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now