Chapter 1

3.2K 90 8
                                    


Zawgyi Version
Special 1
အစေခံ - ဝမ်​ရယ်​! ကျင်းဝမ်ရယ် က ဝမ်ဖေး ကို စိတ်အနှောက်ယှက်ပေးနေတယ်
ဝမ်​ရယ်​ - သူ့ကို ဆုံးမလိုက်! !
အစေခံ - ရှန့်ကွမ် သခင်လေးက ဝမ်ဖေးကို ​မေတ္တာစာတွေ ပို့နေတယ်
Wang - ခေါင်းဖြတ်လိုက်
အစေခံ - ဟွမ်​​ကွေ့​ဖေး က ဝမ်ဖေးကို ခက်ခဲအောင် လုပ်နေပါတယ်

Wang - ပြန်သုံးသပ်ခိုင်းလိုက်

အစေခံ - မိုယုက ကျနော်တို့နယ်မြေတွေကို ခိုးယူနေပါတယ်
ဝမ်ရယ် - သူတို့ခေါင်းဆောင်ကို ရှာ ယောက်ျားတွေကို သတ်ပစ် မိန်းမတွေကို စစ်တပ်ထဲပို့
အစေခံ - ဝမ်ရယ် မိုယုတို့ခေါင်းဆောင်က ဝမ်ဖေးပါ
ဝမ်ရယ် - အိုး! ဒီလိုလား လုပ်ပါစေ ဝမ်ဖေးလိုချင်တဲ့နယ်မြေတွေကို ပေးလိုက်
အစေခံ - ဟုတ်ကဲ့
ဝမ်ရယ် - ဝမ်ဖေးကို ပြောလိုက် ငါပိုင်သမျှ အရာအားလုံးက သူ့အပိုင်ပဲလို့
အစေခံ - ဒါက....
ဝမ်ရယ်: ငါက သူ့အပိုင်ပဲ! ဒီပစ္စည်းဥစ္စာတွေကတော့ ထည့်ပြောမနေနဲ့..
အစေခံ: အာ...
ဝမ်ရယ်: ဝူကျင့်​ခုန်း ကို ဝမ်ဖေးမျက်စိမကျသေးခင် ဖျက်​ဆီးပြီး သူ့ဆီအရင်ပို့ပေးထားလိုက်တော့
အစေခံ: ...
ဝမ်ရယ်: ဝမ်ဖေးကို သူဘာတွေလိုချင်သေးလဲ မေးလိုက်.. တကယ်လို့ တိုင်းပြည်ကို လိုချင်တယ်ဆိုရင်တောင် ငါကိုယ်တော် ရအောင်လုပ်ပေးမယ်..
အစေခံ: အာ...

Special 2
"သခင်မ.. လူတယောက်က သခင်ကြီးခေါင်းကို ရဖို့ ငွေအမြောက်အများပေးနေပါတယ်.."
အမိုးရဲ့အပြင်ဘက် အနက်ရောင်ဝတ်ထားတဲ့ လူတယောက်က ရိုသေလေးစားဟန်ဖြင့် ရပ်နေတယ်.. အမိုးရဲ့အတွင်းထဲမှာတော့ မိန်းမတယောက်က ချစ်ခင်နှစ်သက်စွာနဲ့ ယောက်ျားတယောက်ရဲ့ လက်မောင်းတွေကြား တိုးဝှေ့နေတယ်
"ဘယ်လောက်နဲ့လဲ"
မိန်းမက တခစ်ခစ်ရယ်လိုက်တယ်
"ရွှေသားလျန် ၅၀၀၀"
"အရမ်းဈေးပေါတာပဲ... သခင်ကြီး ကျမကို တသောင်းလောက်ပေးရင် ဒီကိစ္စကို မေ့ပျောက်လိုက်မယ်"

မိန်းကလေးရဲ့ သေးသွယ်တဲ့ လက်ချောင်းတွေဟာ မီးစာတမျှင်ကို အမျိုးသားရဲ့ကိုယ်ပေါ်မှာ မီးရှို့နေတယ်။

"မပေးဘူးလို့ ပြောရင် ဘာဖြစ်မလဲ?"

အမျိုးသားဟာ အမျိုးသမီးရဲ့ နူးညံ့တဲ့လက်ချောင်းတွေကို ဆုပ်ကိုင်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။

မုရုံချီချီ သို့ မကောင်းဆိုးဝါးမင်းသားရဲ့ ရွှေလိုအဖိုးတန်မိဖုရား Where stories live. Discover now