Part 59(unicode)

7.4K 1.3K 445
                                    

Chapter 59;

ကျန်ချန်ရဲ့ အတန်းဖော်ကောင်လေးများသည်
အထူးကြည့်ကောင်းနေသူများမဟုတ်သကဲ့သို့
ကောင်မလေးများကလည်း အလွန်လှပနေတာမဟုတ်ပေ။ဒါပေမယ့်သူကျန်ချန်ကို ပထမဆုံး
စတွေ့သည့်နေ့အတိုင်း၊ အကြည့်တစ်ချက်နှင့်
ထိုသူများသည်နယ်ခံမဟုတ်မှန်းချက်ချင်း ပြောနိုင်သည်။

မြို့ကြီးပြကြီးမှဆင်းသက်လာခဲ့သည့်အထက်
တန်းကျောင်းသားကျောင်းသူများ၏ကိုယ်ပေါ်
မှာလွှမ်းနေသောကိုယ်ရောင်ကိုယ်ဝါများသည် ပတ်ဝန်းကျင်နှင့်မလိုက်ဖက်ကြောင်း တစ်ဖက်လူအားထင်ထင်ရှားရှား မြင်စေသည်။

ကျန်ချန်က သူ့ဘေးနားသို့​လျှောက်လာပြီး သူ့အတန်းဖော်နှင့် မိတ်ဆက်ပေးလာ၏။
"သူက ငါ့အတန်းဖော်, ဖန်းကျိ ။ အရင်ကတွေ့
ဖူးပေမယ့်မင်းသူ့ကိုမှတ်မိလားမသိဘူး။စားဖို့
သောက်ဖို့ ဆိုင်သွားတော့မလား?။ "

"အင်း။"
ကုဖေး ခေါင်းညိတ်လိုက်သည်။
"ဆန်ကိတ်သွားစားရအောင်။"

ကျန်ချန်ရဲ့မျက်လုံးများ ကျယ်သွား၏။သူက
* သောက်ကျိုးနည်း ဆန်ကိတ်ပဲလား။နှစ်ရက်
လုံးငါတို့ဆန်ကိတ်ပဲစားခဲ့တာမဟုတ်ဘူးလား*
ပြောချင်​ေန၏။သို့သော်သူပါးစပ်မဟရသေးခင်
ဖန်းကျိကဝင်ပြောလာသည်။
"အင်း,အသံနားထောင်ကြည့်ရသလောက်
စားလို့ကောင်းမယ့်ပုံပဲ။ ငါ ဆန်ကိတ် မစား
ရတာ တော်တော်ကြာပြီ။"

လီရိချင်းကဝင်ပြော၏။
"ငါလည်းဆန်ကိတ်ကြိုက်တယ်။ ဆန်ကိတ်
ပူပူလေးကို သကြားညို အရည်စမ်းထားရင်
အရမ်းအရသာရှိတာ။ "

"သွားရအောင်။"
ကုဖေးသည်ဘေးအုတ်တံတိုင်းမှာထောင်ထား
သည့်စက်ဘီးကိုထူလိုက်ပြီး စက်ဘီးပေါ်တက်
ခွလိုက်၏။ထို့နောက် ကျပ်စည်း ,စည်းထားတဲ့ခြေထောက်တစ်ဖက်အား ခြေနင်းပေါ်တင်ပြီး
ကျန်တစ်ဖက်ကို မြေကြီးပေါ်မှာ ထောက်ကန်
လိုက်သည်။
"ဆိုင်က သိပ်မဝေးဘူး။"

ဖန်းကျိန်က သိချင်စိတ်နှင့်မေးလာ၏။
"မင်းရဲ့ခြေထောက်က အဆင်ပြေရဲ့လား။"

ကုဖေးခေါင်းညိတ်လိုက်သည်။
"အင်း။ အဆင်ပြေတယ်"

"သွားရအောင်။"
ကျန်ချန်ကစက်ဘီးလက်ကိုင်ကိုကူထိန်းပေး
သလိုဟန်ဆောင်ပြီးလက်တစ်ဖက်မှသူ့လက်
အားဆတ်ခနဲအုပ်မိုးလာ၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now