(21)

15.9K 1.8K 120
                                    

(zawgyi)

ဂငယ်သဏ္ဌာန်ကွေးကာ ဆောက်လုပ်ထားသည့် အိမ်အကြီးကြီးရှေ့တွင် လူတွေ ရုတ်ရုတ်သဲသဲ စည်ကားနေကြသည်။

လက်ဖက်ရည်ခရားကြီးကို ကိုင်ထားသည့် သူတွေက ကိုင်....ဗီဒီယို ရိုက်ကူးရေးရိုက်နေကြသည့် သူတွေကရိုက်...။ရွှေပွဲလာ ဧည့်ပရိသတ်တွေကို ကြိုဆိုနေကြသည့် သူတွေကကြိုနှင့် အိမ်ရှေ့မျက်နှာစာ မြက်ခင်းပြင်တွင် အပြာရောင် တိမ်စိုင်တိမ်လိပ်တွေနှင့်အတူ အဖြူရောင်မြင်ကွင်းကြီးက ပတ်ဝန်းကျင်၏ အလင်းရောင်နှင့်အပြိုင် လှပနေလျက်ရှိသည်။

အခမ်းအနားတစ်ခုလုံးကို အဖြူတွေချည်းသုံးထားသည်။ဧည့်သည်တွေ ထိုင်မည့် ထိုင်ခုံတွေ၊မုန့်တွေတင်ထားသည့် စားပွဲခုံတွေကအစ အပြင်အဆင်တွေ လိုက်ကာတွေအဆုံး ထိုမျှမကသေး နောက်ဆုံး ညီညီ၏ ကိုယ်ပေါ်က သတို့သားဝတ်စုံကအစ အဖြူရောင် စွတ်စွတ်တွေပါပင်။ဧကန္တ စိန်ဟာ အရောင်စုံတွေထဲမှာမှ အဖြူရောင်ကို သိပ်ကြိုက်သည့်ဟန်တူသည်။

နောက်ဆုံးတော့ ညီညီ တစ်ယောက် စိန်ဆိုသည့် ကောင်မလေးနှင့် တကယ်ကြီး လက်ထပ်ဖြစ်ခဲ့သည်။နောက်ဆုံးအချိန်ထိ ချမ်းငြိမ်းက ညီညီ့ဆီ ရောက်မလာခဲ့ပါ။ဒီကောင် တမင်သက်သက် ညီညီ့ ကို ဆေးထိုးလိုက်သည့်ပုံပါပဲ။သေမင်းတံခါးဝတည့်တည့်ဆီ ညီညီ့ကို တွန်းပို့လိုက်ခြင်း။ချမ်းငြိမ်း တကယ် လုပ်ရက်သည်။ဘာလို့လည်း ချမ်းငြိမ်းက ညီညီ့ကို ဘာကြောင့် ချောက်တွန်းခဲ့ပါသလဲ။သူ့ထက်သာနေလို့ အဝေးကိုတမင်ပို့ပစ်တယ်ဆိုရအောင်ငြား ချမ်းငြိမ်းက သူကြီးသား ညီညီက မိဘမဲ့ ဖြစ်နေတာနှင့်ပင် ညီညီက အရှုံးကြီးရှုံးနေပြီးသားလေ။

သက်ပြင်းခပ်တိုးတိုးချမိတော့ အခုထိ ပြင်ဆင်ပေးလို့မပြီးနိုင်သေးသည့် မာမီပြုံးဆိုလားဘာလား မိတ်ကပ်အဖွေးသားနှင့် ယောကျာ်းတစ်ဦးက ညီညီ့ကို ပြုံးပြီးကြည့်နေရင်းမှ စိတ်မလှုပ်ရှားပါနဲ့ သားရယ် ဟုဆိုသည်။ညီညီက ဘာခံစားချက် ထွေထွေထူးထူးမှ ရှိမနေ....။

ပေးစားတော့လည်း ယူလိုက်တာပေါ့ဆိုသည့် စိတ်နှင့်သာ ဒီမင်္ဂလာပွဲကို လက်ခံလိုက်ခြင်းပင်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now