(6)

18.8K 2K 25
                                    

(zawgyi)

တီ...တီ...တီ...

ညီညီ့နားထဲတွင် နှိုးစက်သံသဲ့သဲ့ ကြားနေရသည်ဟု ထင်မိသည်။ညီညီAlarm မပေးထားပါဘူး....။
သို့ပေမယ့် အိမ်မက်လိုလို အပြင်မှာပါလိုလိုနှင့် တတီတီ မြည်နေသော ခပ်တိုးတိုးနှိုးစက်အသံက ညီညီ့နားစည်ထဲကို တဖြေးဖြေး ဝင်ရောက်လာသည်။

သို့ကြောင့် ဘေးနားတွင်ရှိနေသော ခေါင်းအုံး နောက်တစ်လုံးကို စမ်းယူလိုက်ကာ နားနှစ်ဖက်ကို လုံစေရန် ခေါင်းပေါ်သို့ ဖိထားလိုက်သည်။

နှိုးစက်မြည်သံက ညီညီ့နားထဲတွင် ခပ်ဖြေးဖြေး တိမ်ပျောက်သွားခဲ့သည်။ဒီလိုပဲ ဖြစ်ရမည်လေ....။

တီ....တီ....တီ....တီ....

သိပ်မကြာလိုက် ယခင်ထက် ပိုကျယ်လောင်လာသည့် နှိုးစက်မြည်သံ တတီတီဟာ ပြန်ထွက်ပေါ်လာခဲ့သည်။ဒီတစ်ခါက တကယ့်ကို ဆိုးဆိုးရွားရွား ကျယ်လောင်လာခြင်းပင်...။ခေါင်းပေါ်ခုတင်ထားသည့် ခေါင်းအုံးနှင့်လည်း ကျယ်လောင်နေသည့် အသံကို မထိန်းနိုင်တော့ပေ ...။

ဘာလို့လဲ ...။ဘာလို့လဲ ဆိုတာထက် ဘယ်သူလဲ...။
ညီညီ ငိုချင်စိတ်နှင့် ငုတ်တုတ်ထထိုင်လိုက်သည်။
အရမ်းကို အိပ်ချင်နေလွန်းနေသည်မို့ ငုတ်တုတ်ထိုင်နေတာတောင် မျက်လုံးကို ကောင်းစွာ မဖွင့်နိုင်သေးပေ ...။ဘယ်ကနေ မြည်နေတဲ့ နှိုးစက်လဲ....။ပေးစမ်း ကိုင်ကိုပေါက်ပစ်ဦးမည်....။

" ဆယ်မိနစ်....မျက်နှာသစ် သွားတိုက်ဖို့...ဆယ်မိနစ် အချိန်ပေးမယ် ...."

ညီညီနှုတ်မှ ထွက်သွားတာက ဟင် ခနဲ....။
ဘာကြောင့် အခန်းထဲမှာ ဦးထိန်အသံ ကြားလိုက်ရတာလဲ ....။လေးလံနေသည့် မျက်ခွံတွေကို ညာဘက်လက်နှင့် ပွတ်သက်ကာ ကြည့်မိတော့ တတီတီမြည်နေသည့် နှိုးစက်နာရီပန်းရောင်လေးရဲ့ခလုတ်ကို ဦးထိန်က ပိတ်နေသည်။

" ၅မိနစ်ပဲ အချိန်ရှိတော့တယ် ..."

ဦးထိန်က လက်မှာပတ်ထားသည့် နာရီကို တစ်ချက်ကြည့်ပြီး ညီညီ့ကို သတိပေးသည်။
ခဏလေး ဘာတွေလဲ ညီညီတစ်ခုမှ နားမလည်သေး။နှိုးစက်ပေးသည့် နာရီနှင့် ဦးထိန်က ညီညီ့အခန်းထဲကို ရောက်နေကာ ညီညီ အိပ်ရာကထဖို့ နှိုးစက်ပေးသည်။အိပ်မှုန်စုံဝါးဖြစ်နေပေမယ့် ဒီအထိကို ညီညီနားလည်နိုင်သေးသည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now