(13)

15.3K 1.7K 60
                                    

(zawgyi)

" အားလုံးသေချာစစ်ပြီးကြပြီလား..."

" စစ်ပြီးပါပြီ...ခေါင်းဆောင်ကြီး...."

" ကုန်ကားရော အကုန် အဆင်သင့်ဖြစ်ပြီလား..."

" မြို့ပြင်မှာ ရောက်နေပါပြီ...ခေါင်းဆောင်ကြီး..."

" အိုကေ...ဒါဆို ငါတို့သွားရအောင်..."

ထိန် မတ်တပ်ထရပ်တော့ တပည့်တွေအကုန် ဦးညွတ်လျက် အရိုအသေပေးလာသည်။အခန်းတွင်းမှ ထွက်ခဲ့တော့ နေလုံးနီနီ၏ အလင်းရောင် ခပ်သဲ့သဲ့က အိမ်အတွင်းပိုင်းထဲကို ခပ်မှိန်မှိန်လေး ဖြာကျနေသည်။နာရီကြည့်မိတော့ ခုနှစ်နာရီခွဲဖို့ငါးမိနစ်အလို...။ဒီအချိန် ကောင်လေး...နံနက်ခင်းထပြေးပြီး ရေချိုးပြီးနေလောက်ပြီပေါ့...။အတွေးထက် ခန္ဓာကိုယ်ကပိုမြန်သည်။အိမ်အပြင်ဘက်သို့ လှမ်းနေသည့် ခြေလှမ်းတွေက ဒုတိယထပ်ဆီသို့ ရောက်သွားခဲ့သည်။

အခန်းတံခါးကို ဖွဖွခေါက်ကာ သတိပေးပြီး တံခါးဖွင့်တော့ ကောင်လေးက တဘက်လေးကိုင်ပြီး ရေစိုနေသည့် ဆံပင်တွေကို သုတ်နေတာနှင့်ကြုံသည်။မျက်နှာအမူအယာကတော့ဖြင့် ထိန့်ကို မကြည်သည့်ပုံပါပင်။သမီးတောင် တစ်ခါမှ သူ့အပေါ် ဂျီကျ ခဲ့ဖူးသည်မဟုတ် ဒီကောင်လေးက သူ ခရီးထွက်မှာမို့ စိတ်ကောက်နေသည်တဲ့လား။ခပ်ဖွဖွ သက်ပြင်းချမိတော့ ကောင်လေးက စိုစွတ်နေသည့် မျက်ဝန်းတွေနှင့် မော့ကြည့်လာသည်။

" ဟေ့ နှစ်ရက်ပါပဲကွ....နှစ်ရက်ပဲခရီးထွက်ပြီး ပြန်လာမှာပါကွာ..."

ထိန် နှစ်သိမ့်သလို ပြောတော့ ကောင်လေးမျက်နှာက ယခင်ကထက်ပင် ဆူပုတ်သွားခဲ့သည်။

" ပြန်လာရင် မုန့်ဝယ်လာခဲ့မယ်...ဟုတ်ပြီလား..."

" ရူးနေလား...မုန့်ဘာလုပ်ရမှာလဲ...ကျွန်တော့်ကို ကလေးများမှတ်နေသလား...."

ချော့မြူသလိုပြောတော့လည်း ဒင်းကလေးက ငြင်းသည်။အခုတော့ ထိန် ကလေးတစ်ယောက်ကို ချော့ပြောနေရသည့်အလား။

" မင်း ကလေးတစ်ယောက်လို စိတ်ကောက်နေတာလေ..."

" စိတ်ကောက်နေတာတဲ့လား....ကျွန်တော်က ခင်ဗျားမျက်နှာ တစ်ကမ္ဘာထင်ပြီး ဒီအိမ်မှာနေနေရတာလေ ...အခု ခင်ဗျားက ကျွန်တော့်ကို ထားပြီး တစ်ခြားမြို့သွားတော့ ကျွန်တော် တစ်ယောက်တည်း ကြောက်တာပေါ့ဗျ...အဲ့ဒါကို စိတ်ကောက်တယ်တဲ့လား ....အင်းပါ...ခင်ဗျားအပေါ် သံယောစဉ်တွေထားမိတဲ့ ကျွန်တော်ပဲ မှားပါတယ် ...."

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now