(23)

15.4K 1.8K 40
                                    

(Zawgyi)

ချမ်းငြိမ်းသည် ခိုင်ခိုင်ခံ့ခံ့နှင့် တံတိုင်းကြီးပမာ ဆောက်လုပ်ထားသည့် ခြံဝန်းကြီးရှေ့တွင်....ဆိုင်ကယ်လေးကို ထိုးရပ်လိုက်သည်။အနောက်ဘက်မှ လိုက်လာသည့် ဆူပါကတ်ဆိုင်ကယ်ကလေးကလည်း တုံ့ခနဲ ရပ်တန့် သွားခဲ့သည်။လေးလေးက လမ်းတစ်လျှောက်လုံး ချမ်းငြိမ်းကို မျက်စိဒေါင့်ထောက်ကြည့်နေပြီး တစ်ချက်ကလေးမှ လွတ်မပေးပါပေ....။

ချစ်သူလေးကို စာနှင့် ဆက်သွယ်ကြည့်သည့်အခါ ချမ်းငြိမ်းဆီကို ပြန်ပြီး မဆက်သွယ်လာခဲ့ပေ...။အခေါက်ခေါက်အခါခါ နေ့တိုင်းစာတွေ ပို့နေခဲ့သည့်တိုင်အောင် ချစ်သူဘက်မှ စာကလေး တစ်စောင်တောင် ပြန်ပြီးပို့မလာခဲ့ပေ....။ညီညီနှင့်လည်း အဆက်အသွယ်မရသည့်အပြင် ထိုအိမ်ကြီးထဲတွင်သာ ရှိနေပြီး ရွာကို ပြန်မရောက်လာလေတော့ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီမှန်းချမ်းငြိမ်း မသိတော့ပေ...။သူ ၏ သရဲဘောကြောင်မှုတွေကြောင့် ကိစ္စတွေ လိုက်လို့ မမှီအောင် ဖြစ်သွားခဲ့ပြီထင်သည်။

သို့နှင့် သူ့မှာ စိတ်တွေပူ ခေါင်းတွေပူပြီး ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိတော့ပေ...။ညီညီ သစ္စာဖောက်ပြီး သူ့နေရာကို လုယူသွားပြီလားဟု တွေးပူနေမိတာလည်း အကြိမ်ကြိမ်အခါခါပင်။ချမ်းသာကြွယ်ဝ မှုတွေ မမက်မောပေမယ့် စိန့်ကိုတော့ ဆုံးရှုံးရမှာ အရမ်းကြောက်မိသည်။အခုချိန်ဆို စိန်ကလည်း သူရေးခဲ့သမျှ စာတွေအရ ညီညီ့ကို သူဟု ကြိမ်းသေ ထင်မှတ်နေလောက်ပြီ။

တစ်ရက်ထက်တစ်ရက် အပူမီးတွေဆင့်ကဲနေရသည်မို့ သင်ယူတတ်မြောက်ရမည့် ဝပ်ရှော့နှင့် ပတ်သက်သည့် အကြောင်းအရာတွေလည်း ချမ်းငြိမ်း ခေါင်းထဲမှာမရှိတော့။သို့သည်နှင့် သူ၏ သင်တန်းက အချိန်တွေပိုလင့်ကာ တော်တော်နှင့် မပြီး ဘာဆိုဘာမှ တောင် မတတ်မြောက်နိုင်တော့ပေ။

ထိုအကြောင်းကြောင့် လေးလေးက ပိုပြီးဒေါသထွက် သွားကာ ပို့နေသည့် စာတွေကို ထပ်မပို့ခိုင်းတော့။အရည်အရအဖတ်မရ အချစ်နာကျနေသည် ဟု တွေးထင်သွားကာ ချမ်းငြိမ်းအပေါ် ပိုတင်းကျပ်တော့သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now