(11)

16K 1.8K 7
                                    

(Zawgyi)

ထမင်းကို တို့ခနဲ ဆိတ်ခနဲ စားပြီး လက်ထဲမှ ဇွန်းကို ချကာ သက်ပြင်းချမိတော့ ရှေ့တွင်ထိုင်ပြီး အေးဆေးထမင်းစားနေသည့် လေးလေးက ချမ်းငြိမ်းကို စိတ်ပျက်သလို ကြည့်လာသည်။မတတ်နိုင် တမင်လုပ်ယူနေတာ မဟုတ်လို့ ချမ်းငြိမ်းဘာ ဖြေရှင်းချက်မှမပေးချင်။စွယ်တော်မြို့တို့ရောက်သည့် အချိန်ကတည်းက လေးလေးက သူ့ကိုအနားမပေး။အလုပ်နှင့်ပတ်သက်ပြီး အရမ်းခိုင်းသည်။နားချိန်မရှိ အားချိန်မရှိ မိဘအိမ်နှင့် ဆီနှင့်ရေလို အတော်လေးကွာကာ နေရသည်။

တစ်ကိုယ်လုံးဓါတ်ဆီတွေပေ...အင်္ကျီတွေ မည်းညစ်ကာ ချမ်းငြိမ်း လူလုံးမပေါ်သည်အထိ အလုပ်လုပ်ရသည်။အောက်ခြေက စလုပ်ရတော့ပိုဆိုးသည်။ချမ်းငြိမ်းက လေးလေးရဲ့တူအရင်း ဖြစ်နေလို့သာ တော်တော့သည်။ခြောက်လမပြောနှင့် ဆယ်ရက် မပြည့်ခင်ပင် ချမ်းငြိမ်းဒီမြို့ဒီအိမ်မှာနေရတာ မပျော်တော့။ဘယ်မှအသွားမခံ မျက်စိ ဒေါင့်ထောက်ကြည့်နေတော့ပိုဆိုးသည်။

လေးလေးက လူပျိုကြီး...။တအားဇီဇာကြောင်ကာ စိတ်ကြီး ဒေါသကြီးသည့်သူပင်။ချမ်းငြိမ်း အပိုးကျိုးသွားအောင် အဖေက တမင် ဒီလွတ်လိုက်မှန်း သိသည်။သို့သော်ချမ်းငြိမ်းအပြင်ထွက်မရသည့်အပြင် စာလဲပို့မရတော့။

ညီညီ ဘယ်လိုဖြစ်နေပြီး...စိန်နှင့်ဘယ်လို နှစ်ပါးသွားနေပြီလဲ မသိ...။အဖေပြောတာကတော့ ချမ်းငြိမ်း စွယ်တော်ကို ထွက်လာသည့်နေ့ကတည်းက ညီညီ ရွာသို့ ပြန်မလာခဲ့တာပါတဲ့...။ငါးရက်လောက်နေတော့ လူကြီးတွေကစိတ်ပူကာ ရွာသာယာသို့ သွားပြီး စုံစမ်းကြည့်တော့ ညီညီ့ကို သခင်ဇိုးခေါ်သွားခဲ့သည်တဲ့...။

ထိုအချိန်ကစပြီး အဖေတို့ ထပ်ပြီး မစုံစမ်းတော့တာ ယနေ့ဆယ်ရက်မြောက်သည်အထိ...။သခင်ဇိုးက သွားထိလို့မရသည့်သူမို့ အဖေတို့က ညီညီ့ကို သေလူအဖြစ်သာ သတ်မှတ်လိုက်တော့သည်။တကယ်တမ်း...ညီညီအခုလိုဖြစ်သည့် အကြောင်းအရင်းက ချမ်းငြိမ်းကြောင့်။ဧကန္တ သူရေးခဲ့သည့် စာတွေကြောင့် သူနှင့်ညီညီ့ ကို မှားသွားခဲ့ဟန်တူပါသည်။

ဒီလို မမျော်လင့်ထားသည့် အခြေအနေတွေ ဖြစ်လာလိမ့်မည်ဟု ချမ်းငြိမ်းဘယ်သိခဲ့ပါ့မလဲ...။စိန့်ကို သခင်ဇိုး၏သမီးမှန်းသိကတည်းက သူကြောက်ကြောက်နှင့် ချဉ်းကပ်ခဲ့ရတာ။ဒါကြောင့် သူ့ရဲ့ ပုံပန်းသဏ္ဌာန်တောင် စာထဲမှာရေရေရာရာထည့်ပြောခဲ့တာမဟုတ်ဘူး။အကယ်၍များ ချမ်းငြိမ်းမှန်းသိသွားခဲ့လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားသည့်သူ့ကို အိမ်က အသေသတ်မှာပင်။အဖေက ရွာကသမီးပျိုတွေ ချမ်းငြိမ်းကို စိတ်ဝင်စားကြသည်။ချမ်းငြိမ်းက ပျိုတိုင်းကြိုက်သည့် နှင်းဆီပန်းခိုင်ရယ်လို့ပဲ သိထားတာ။သူ ရည်းစားတွေ မှိုလိုပေါက်အောင်ထားခဲ့ဖူးသည်ဆိုတာ အဖေကမသိ...။မသိဆို စာနှင့်ပဲ အပြန်အလှန်ဆက်သွယ်ခဲ့ကြသည်ကိုး...။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now