(14)

15.6K 1.8K 51
                                    

(zawgyi)

ကားကို တုံ့ခနဲထိုးရပ်တန့်လိုက်တော့ ထိန် မျက်လုံးတွေ မှိတ်ထားရာမှ ဖွင့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

" ခေါင်းဆောင်ကြီး...Black Demon ဂိုဏ်းက...မြို့အဝင်ပေါက်ဝမှာ စောင့်နေကြတာပါ ....တစ်ခုခု မတုံ့ပြန်ရင် ဒီကောင်တွေ ကျွန်တော်တို့ကို သွားခွင့်ပေးမှာမဟုတ်ပါဘူး ...."

ထိန် ကျစ်ခနဲ စုတ်သပ်လိုက်သည်။မနက်ဝေလီဝေလင်းအချိန် နာရီအားဖြင့် ခြောက်နာရီခွဲပင် ရှိသေးသည်။နံနက်စောစော အချိန်ကြီးမှာ တစ်စုံတစ်ရာ ပြသာနာမတက်ချင်ပါ ...။သို့ပေမယ့်လည်း Black Demon ဂိုဏ်းက ထိန်တို့ကို အလျှော့ပေးမှာမဟုတ်တာ ထိန်သိသည်။

ထိန်တို့ ဂိုဏ်းစထောင်စဉ်ကတည်းက ထိန်တို့၏ ဂိုဏ်းနှင့်အပြိုင် Demon ဂိုဏ်းကလဲ စထောင်ခဲ့သည်။ထိုအချိန်တုန်းက ထိန်တို့ ဂိုဏ်းအမည်မှာ ' နဂါးဆိုး ' ဖြစ်သည်။' နဂါးဆိုး ' ဂိုဏ်းကို ထိန့်အဘိုးရဲ့အဖေကစပြီး တည်ထောင်ခဲ့သည်။ထိန်တို့နေသည့် မြို့ကြီးတွင် ထိုသို့သော မှောင်ရိပ်ခိုသည့်အပြိုင်အဆိုင် ဂိုဏ်းတွေရှိခဲ့သည်။ဂိုဏ်းတွေထဲတွင်တော့ ထိန်တို့ ဂိုဏ်းက လက်အရဲဆုံးနှင့် အရက်စက်ဆုံး ဂိုဏ်းဟုကျော်ကြားခဲ့သည်။ဘယ်ဂိုဏ်းငယ်ကလေးကမှ ထိန်တို့ ဂိုဏ်းကို မယှဉ်ရဲပေ ...။ထိုဂိုဏ်းငယ်တွေထဲမှ Demon ဂိုဏ်းကတဖြည်းဖြည်းထိုးထွက်လာပြီး ထိန်တို့ ဂိုဏ်းကို လိုက်ပြိုင်ခဲ့သည်ပင်။

ထိန့်ငယ်နာမည်က ဇိုး ဖြစ်သည်။ဂိုဏ်းကို ထိန် အသက် ဆယ့်ရှစ်နှစ်မှာ လွဲပြောင်းဆက်ခံလေတော့ နဂါးဆိုး ဂိုဏ်းမှ နဂါးဇိုးအဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြတာ ဘာကြောင့်မှန်းတော့မသိ။ထိန်တို့ဂိုဏ်းသားတွေသာမက တစ်ခြားသော နယ်ပယ်မှ ဂိုဏ်းသားတွေလည်း သခင်ဇိုးရယ်ဟုခေါ်ကြသမျှ ယခင်ဂိုဏ်းအမည် နဂါးဆိုးက ပျောက်ပြီး ဇိုး(Zoe) ဂိုဏ်းဟု နာမည်ကြီးလာခဲ့ခြင်းဖြစ်မည်။တစ်ချို့အပြင်လူတွေကအစ ထိန်အစား သခင်ဇိုးရယ်ဟု ခေါ်ခဲ့ကြသည်မဟုတ်လား။ဂိုဏ်းသားတွေကလဲ အဘိုးတို့ အဖေတို့နဲ့ယှဉ် ရင် ထိန့်ကို ပိုချစ်ကြသည်ကိုး။ထိန်က မေတ္တာနှင့်ကွပ်ကဲနိုင်ပြီး ကြင်နာမှုဖြင့် ခေါင်းဆောင်ကောင်းပီသခဲ့သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now