(8)

16.3K 2K 32
                                    

(zawgyi)

" အစ်ကိုကဘယ်သွားမလို့လဲဗျ ..."

ထော်လာဂျီမောင်းနှင်မည့် အစ်ကိုရဲ့ဘေးထိုင်ခုံမှာ အလျင်အမြန် ဝင်ထိုင်ရင်း ညီညီဆိုမိသည်။ညီညီဝင်ထိုင်ပြီးလေတော့ ဆွေ့ခနဲပင် ထော်လာဂျီကတစ်ခါတည်း မောင်းထွက်လေတော့သည်။နောင်...ထော်လာဂျီမောင်းနှင်နေသည့် အစ်ကိုထံမှ စကားသံ ထွက်လာခဲ့သည်။

" သခက်တောရွာမှာ ကုန်စိမ်းသွားပို့မလို့ ..."

" ဟင် ညသန်ခေါင်ကြီးလား ဗျ..."

" ငါက နှစ်နာရီသုံးနာရီဆို ရွာတွေဘက်ကုန်စိမ်းလိုက်ပို့နေကြ ဒီနေ့မှ သွားစရာရှိလို့ စောစော ထွက်လာခဲ့တာ ...."

" ဟား...ဟား...ကောင်းတာပေါ့ဗျာ ....ကျွန်တော် အဆင်သင့်သွားတာပေါ့ အစ်ကို သခက်တောဘက်သွားမယ်ဆို ကျွန်တော့်ကို သုခဘုံမှာ ချပေးခဲ့နော့ ရွာရောက်ရင် ကျေးဇူးဆပ်ပါ့မယ်ဗျာ ..."

ထိုအစ်ကိုက ခေါင်းတစ်ချက်ညိတ်ပြသည်။ညီညီသက်တောင့်သက်သာနှင့် အနောက်ကိုမှီထိုင်ကာ ထွေလာဂျီမီးမှ လင်းနေသည့် အလင်းထဲမှလမ်းကို ကျေကျေနပ်နပ်ကြီး ညီညီပြုံးကာကြည့်နေမိသည်။

ထွက်တော့ပြေးလာခဲ့ပြီ...။လွတ်ကောလွတ်ပါ့မလားမသိ ...။ညီညီ့အကြောင်းတွေအကုန်စုံစမ်းပြီးသားဆိုတော့ ညီညီ့အိမ်ထိလိုက်လာရင်တော့ ဒုက္ခပဲ ...။အင်းလေ ထိုသို့လိုက်ခဲ့သည်ဆိုလည်း ညီညီက ဘကြီးကိုခေါ်ပြီး အကျိုးအကြောင်းရှင်းပြလိုက်ရုံပဲပေါ့ ....။

" မင်းက ဘယ်သူလဲ တွေ့ဖူးနေသလိုပဲ ဒီအချိန်ကြီးမှ သုခဘုံကို ဘာကိစ္စသွားချင်ရတာလဲ ...."

ညီညီအတွေးဝင်နေရာမှ လက်ရှိအခြေအနေကို ပြန်ရောက်လာခဲ့သည်။

" အာ...ကျွန်တော်က ..."

ဘာပြောလို့ပြောရမလဲမသိဖြစ်သွားသည်က ညီညီ...။ဦးထိန်ကို မသိသည့်သူမရှိမို့ ဦးထိန်နာမည်ပြောလိုက်သည်နှင့် ချက်ချင်း ထော်လာဂျီပေါ်ကနေ ကန်ချခံရနိုင်သည်။ညီညီဘာပြောရမလဲ မသိ ငြိမ်ကာ ခေါင်းကုတ်နေမိတုန်း ...

" ကိုယ်ရေးကိုယ်တာကိစ္စမို့ မဖြေချင်လည်း ရပါတယ် ..."

ထိုအစ်ကိုကပဲ အလိုက်တသိပြန်ပြောလာသည်။
ညီညီ အားတုံ့အားနာနှင့် ခေါင်းညိတ်လိုက်မိသည်။
ထိုအစ်ကိုက ရှပ်အင်္ကျီအညိုကွက်နှင့်ပုဆိုးအညိုကိုတွဲဖက်ဝတ်ဆင်ထားသည်။ခမောက်ကြီးကြီးကိုလဲ ခေါင်းတွင်ဆောင်းထားသေးသည်။မျက်နှာပုံစံ က ညီညီ့လောက်ကြည့်မကောင်းပေမယ့် သူ့ဟာနှင့်သူတော့ ကြည့်တော့ကောင်းနေသားပင်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now