(25)

16.7K 1.9K 60
                                    

(Zawgyi)

ကားအတူ စီးနေသည့် လမ်းတစ်လျှောက်လုံး ဦးထိန်က ညီညီ့ကို စကားတစ်ခွန်းမှ မပြောပါလေ...။ညီညီ ကိုယ်တိုင်လည်း ဘာတွေဖြစ်လို့ ဖြစ်ပျက်သွားမှန်း မသိလေသည်မို့ တစ်ကိုယ်လုံး တုန်ယင်နေတာက လွဲ ဘာမှပြောစရာစကားမရှိ။

မင်းညိုနှင့်သီဟက အနောက်မှ အမြန်ရောက်လာခဲ့သလို မြင်းနှစ်ကောင်ကို ဦးထိန်က သီဟနှင့်မင်းညို လက်ထဲ လွဲပေးလိုက်သည်။

နောက်တပည့်တွေ အများကြီး ဦးထိန်ဆီ ရောက်လာခဲ့ကြ သလို မင်းညိုက မျက်နှာအပျက်ကြီး ပျက်နေသည်။တကယ်တော့ သူ့အမှားမဟုတ် ညီညီ့ အမှားပါလေ ။

ဦးထိန်မျက်နှာက တော်တော်လေးတင်းမာနေပြီး အကြောတွေပါထောင်လျက်ရှိသည်။ညီညီ့ခမျာမှာတော့ မျက်နှာငယ်လေးနှင့် ဘာလုပ်လို့လုပ်ရမလဲမသိ။

ဝလုံးမှ ကားနှင့်လာခေါ်သည်အထိ ညီညီ့ကို ဂရုမစိုက်ပါပဲ ကားပေါ်သို့ ဇိုးဇိုးဇတ်ဇတ် အရင်တက်သွားခဲ့သည်။ညီညီ ငူငူငိုင်ငိုင်ရပ်နေတာကြာလေမှ လာလေ ဆိုပြီး မာထန်လွန်းသည့် အသံကြီးနှင့်အော်ပြောသည်။ညီညီ့မှာ ကြောက်စိတ်မပြေသေးသည်က တစ်ကြောင်း ဦးထိန် ဖိဟောက်မှာ စိုးရိမ်တာကတစ်ကြောင်းနှင့် မျက်နှာမှာ ဇီးရွက်လောက်ပင်ရှိတော့သည်။

ပျက်စီးသမျှ ပစ္စည်းတွေနှင့် နှစ်နာသွားသည့်သူတွေကို တောင်းပန်စကားဆိုပြီး အလျော်ပေးပြီးမှသာ ညီညီတို့ ပြန်လာခဲ့ကြသည်။

ဦးထိန် မျက်နှာကြီး တည်တင်းနေသည်မှာ အိမ်အရောက် ကားပေါ်ကဆင်းသည်အထိ နူးညံ့လာခြင်းမရှိသေး။ဘာလို့ပါလဲ...သူ့မြင်းကြီး ယူစီးမိလို့လား။
ဒါမှမဟုတ် တောင်းပန်ရအောင်များ လုပ်ခဲ့လို့လား။
တောင်းပန်ရသည်ဆိုသော်ငြား ဦးထိန်ကိုယ်တိုင် တောင်းပန်ရခြင်းမှမရှိခဲ့တာ။ဝလုံးကပဲ ပိုက်ဆံတွေထုတ်ပေး ယောက်တိုင်းစေ့ တောင်းပန်ခဲ့တာ မဟုတ်ပါလား။

ဦးထိန်က အရေးမစိုက် ကားပေါ်ကတောင် မဆင်းပါလေ။အဲ့ဒါကို ညီညီ့ကို စကားတစ်လုံးမှမပြော။
သူ့ဂိုဏ်း သိက္ခာကျအောင်များ ညီညီ လုပ်မိလို့လား။ညီညီ့လုပ်ရပ်က ဦးထိန်နာမည်နှင့်ဂိုဏ်းကို သိက္ခာထိပါးစေခဲ့သလား။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now