(27)

15.8K 1.7K 14
                                    

(Zawgyi)

ဝံပုလွေက ထိန်၏ ဘယ်ဘက်ပုခုံးဆီသို့ မိမိရရ ကိုက်ခဲလိုက်နိုင်သည်။စူးခနဲ အောင့်တက်သွားခဲ့သည်က ပြောမပြတတ်အောင်ပင်။သို့သော် ဒီလို နေနေလို့ မဖြစ် ဝံပုလွေက သူ့တစ်ကိုယ်လုံးကို ဝါးမျိုပြီး ကောင်လေးကိုပါအလွတ်ပေးမည်မဟုတ်ပေ။သူကိုင်ထားလေသည့် သေနတ်ကလည်း အခုချိန် အဝေးဆုံးမှာရှိနေသည်။ခုန်အုပ်လိုက်ကတည်းက သေနတ်နှင့်သူက တစ်ခြားစီ ဖြစ်သွားနေပြီ။လက်နက်ကို အားကိုးလို့မရတော့။ထုံကျင်နေသည့် ဘယ်ဘက်လက်ကို လက်သီးခပ်ပြင်းပြင်းဆုပ်လိုက်ကာ ညာဘက်တတောင်စစ် နှင့် ဝံပုလွေကောင်၏ဝမ်းဗိုက်ကို ခပ်ပြင်းပြင်း ထိုးချလိုက်သည်။အီခနဲ အော်ပြီး ကိုက်ခဲ ခံထားရသည့် အနေအထားကနေ လွတ်သွားခဲ့သည်။

ညီညီက တုန်တုန်ယင်ယင်အနေအထားနှင့် ကြောင်ပြီးကြည့်နေတုန်းပင်။ဦးထိန်နှင့် အကောင်ကြီးက လုံးထွေးနေသည်။ဒီလို ကြောင်ပြီးရပ်ကြည့်နေလို့မရ။ဦးထိန် ပုခုံးပေါ်မှ နီနီရဲရဲ သွေးတို့ကို မြင်လိုက်ရတော့ တစ်ကိုယ်လုံး ပူထူလာကာ စိုးရိမ်စိတ်က နေရာအနှံ့ပျံ့တက်လာခဲ့သည်။

ခပ်လှမ်းလှမ်းတွင် ရှိနေသော ရိုင်ဖယ်သေနတ်ကြီးကို ညီညီ အမြန်သွားကောက်လိုက်သည်။သူ သူ ဒီအကောင်ကြီးကို ပစ်နိုင်ရမည်။လက်ဖျားတွေက အေးစက်ကာ တုန်ယင်နေမှုကို မထိန်းချုပ်နိုင်ပေ။

ကောင်လေးလက်ထဲ သေနတ်ကို မြင်လိုက်ရသည်မို့ အပေါ်စီးရောက်နေသည့် ထိန် စိတ်သက်သာရာ ရသွားခဲ့သည်။ဘိုးဖိနပ်ကြားညှပ်လာခဲ့သည့် ဓါးမြောင် အသေးလေးကို ထုတ်သုံးဖို့ မလိုအပ်လေတော့။ဒီကောင်လေး ဒီလို သိပ်ကို အန္တရာယ်များသည့် နေရာမှာသေနတ်တစ်လက်နှင့် ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာ တစ်ခါတည်း အတွေ့အကြုံ ရသွားခဲ့သည်ပေါ့။အန္တရာယ်ကို ကြုံတွေ့ရသည်က တကယ် တိုက်တိုက်ဆိုင်ဆိုင်ပင်။

" ကောင်လေး အဲ့သေနတ်နဲ့ ပစ်ပြီး ငါ့ကို ကယ်စမ်း.."

သူ အညိုရောင်အကောင်ကြီးကို ကန်ကျောက်ရင်း တစ်ပတ်လိမ့်ကာ နေရာပြောင်းလိုက်သည်။ဒီလို အနေအထားနှင့်မှ ကောင်လေး သေချာမြင်ကွင်းရှင်းလိမ့်မည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now