(22)

15.8K 1.8K 106
                                    

(Zawgyi)

" ဦးထိန် ဘယ်မှာလဲ ဦးထိန်ဆီ သွားချင်တယ် လိုက်ပို့ပေး ...."

မင်းညိုက ညီညီ့အမေးကြောင့် မျက်ခုံးတွေ တွန့်ကျိုးသွားသည်အထိ မျက်မှောင်ကြုတ်လိုက်သည်။နည်းနည်း အထက်စီးဆန်နေသလားလို့။သို့သော် ဘာမှတော့ အဓွန့်မတက်ပါပေ....။သို့ပေမယ့် အနည်းငယ်မျှတော့ လျှာရှည်လိုက်မိသေးသည်။

" မမလေးက ဆန်ပြုတ် ပြုတ်ပေးနေတာမို့ ...."

" ဦးထိန် ဘယ်မှာလဲ ဦးထိန်နဲ့ တွေ့ချင်ပါတယ်ဆို ဘာတွေလာပြောနေသလဲ မသိဘူး မနက်စောစောစီးစီး တွေ့ချင်လာတဲ့ ခံစားချက်ကို ခင်ဗျား မခံစားဖူးဘူးမလား အင်းပေါ့ ဘယ်ခံစားတတ်မလည်း ရည်းစားရှိမယ့် ပုံလည်းမပေါ်ဘူး ဖယ် ခင်ဗျား မပြောချင်နေ ကိုယ့်ဖာသာ သွားရှာမယ်...."

ပေါ်တင်ကြီးနှိပ်ကွပ် ခံလိုက်ရတာကြောင့် မင်းညို ထောင်းခနဲ ဒေါသထွက်ရပြန်သည်။ကလေးကလား ပုံစံနှင့် ပြောဆိုသွားတာ။ဒီတစ်အိမ်လုံးမှာ မင်းညို အပြောဆိုခံရဆုံးနှင့်တူသည်။ဟိုလူက ပြောလိုက် ဒီလူက ဆူလိုက်နှင့် မင်းညို မျက်နှာ ဇီးရွက်လောက်သာ ကျန်တော့သည်။

မောင်မင်းကြီးသားက ကုတင်ပေါ်က ဆင်းကာ အခန်းပြင်ထွက်သွားသည်ကြောင့် မင်းညိုမှာ မပြေးရုံတမယ် လိုက်ရပြန်သည်။ဒီတစ်ကောင်ကို တကယ်ထိန်းမနိုင်တာပါဆို။ခေါင်းဆောင်ကြီးက သည်းသည်းလှုပ်နေတော့ ပိုဆိုးသည်။

ညီညီက လှေကားတစ်လျှောက် အပြေးတလိုင်းနှင့် အမြန်ပြေးဆင်းလိုက်သည်။ဦးထိန်ကို တွေ့ချင်လှပါပြီ။ဦးထိန်နှင့်ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားသည်က အတည်ဖြစ်မဖြစ် စစ်ဆေးကြည့်ဖို့က အဓိက မို့ အနားရှိနေသည့် စိန့်ကိုတောင် မနည်းပထုတ်ထားရသည်မဟုတ်လား။ညီညီကတော့ ဦးထိန်အပေါ် စပြီး တိမ်းညွတ်ကာ ချစ်နေမိပြီဟု ကိုယ့်ကိုကိုယ် သုံးသပ်မိတာပါပဲ။

" အဟမ်း ခေါင်းဆောင်ကြီးက အပြစ်ပေးခန်းမှာပါ ..."

ဦးထိန် အခန်းသို့ လှမ်းနေသည့် ညီညီ့ ခြေခလှမ်းတွေ တုံ့ခနဲ ဖြစ်သွားခဲ့သည်။အပျော်လေးတွေတောင် ဘယ်နားရောက်သွားသည်မသိ။စောစောကမပြောဘူး....။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now