(17)

16K 1.9K 47
                                    

(Zawgyi)

ညီညီ ကုတင်ပေါ်လူးလွန့်နေမိတာ ဆယ့်ငါးမိနစ်မကတော့ပေ....။နံရံပေါ်ချိတ်ထားသည့် နာရီကိုကြည့်မိတော့ ကိုးနာရီခွဲတောင်ရှိနေလေပြီ။
ဦးထိန်နှင့်စိန် အခုထိ အိမ်ကို ပြန်မရောက်ကြသေး ....။လုပ်ငန်းပါတနာတစ်ယောက်ရဲ့သမီးမွေးနေ့ပွဲကို မကောင်းတတ်လို့ သွားသည်ဟု ဆိုသည်။မကောင်းတတ်လို့သွားသွား ကောင်းတတ်လို့ပဲ သွားသွား ညီညီ့ကို တစ်ယောက်တည်း ထားသွားခဲ့တာက ထားသွားခဲ့တာပင်။

ညီညီ လိုက်သွားချင်ရယ်လို့တော့မဟုတ် ဦးထိန်၏သားမက်အလောင်းလျာအနေနှင့်လည်း ထိုမွေးနေ့ပွဲသို့မလိုက်ချင်ပါ...။တကယ်မှမဟုတ်ပဲ။
သို့ပေမယ့် နေကောင်းကောင်းမပျောက်သေးသည့် သူ့ကို သီဟနှင့် နှစ်ယောက်တည်း ညအထိ ထားခဲ့သည်ကိုတော့ ညီညီ မကျေနပ်ပါလေ...။

ညီညီ အဖျားအရှင်းပျောက်သေးတာမဟုတ်။
ညညဆို ကိုယ်နည်းနည်းပူလာကာ ချွေးစေးတွေပြန်ပြီး အဖျားတက်လာတာပင်......။ဒါကို ဦးထိန်သိသလို စိန်လည်းသိသည်။နေရပ်ဒေသစိမ်းသက်သက်မို့ အဖျားဝင်သည့်အခါ တော်တော်နှင့် မပျောက်တာလားတော့မပြောတတ်ပေမယ့် ညီညီ အရင်ကထက် ပိုပြီးတော့ ဦးထိန်ကို အားကိုးတတ်လာသည်ပဲ။

သို့ပေမယ့် ညီညီ ဖျားရတာကြိုက်သည်။အဘယ်ကြောင့်ဆို ညီညီဖျားလျှင် ဦးထိန်က သည်းသည်းလှုပ် ဂရုစိုက်သည့်အပြင် အူကြောင်ကြောင်အလုပ်တွေကို တစ်စက်မှ မခိုင်းပါလေ......။ထိုသို့ဖြင့် အချောင်ခိုလို့ရနေသလို ရရင်ရသလို ဦးထိန်၏တပည့်တွေကို ခိုင်းချင်သလိုခိုင်းလို့ရသေးသည်။

ဒီလူကြီးက သူ့သမီး၏သားမက်အနေနှင့် ညီညီ့ကို ဂရုစိုက်နေပေမယ့်  တစ်ခါတစ်ခါ ညီညီက ဦးထိန် ဝမ်းနဲ့ လွယ်ပြီး ကိုယ်တိုင် မွေးခဲ့သလားတောင်အောက်မေ့ရသည်......။စိန်နှင့်ညီညီ့ ကို များ မှားနေသလား...ဦးထိန်နှင့်တွေ့လျှင် တကယ့်ကို ညီညီ့ကိုညီညီ ကလေးတစ်ယောက်လို့ ခံစားမိလို့ပါ.....။

ဒါမှမဟုတ် ဦးထိန်က...သားမက်လောင်းအနေနှင့် ညီညီ့ကိုတွေးနေတာမဟုတ်ပဲ သတို့သားလောင်းအနေနှင့်များ.....

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now