(10)

17.7K 1.8K 30
                                    

(Zawgyi)
ရေပန်းမှ ကျလာသည့် ရေခပ်အေးအေးတို့ မျက်နှာထက် ကျလာသည်ကို ခံယူရင်း ဦးထိန်အကြောင်း စဉ်းစားကာ ဇိမ်ပြေနပြေ ချိုးနေမိသည်။ဦးထိန်ကချောသည်။သဘောကောင်းသည်။ညီညီ့အပေါ်ငြိုငြင်ခြင်းမရှိ ဒါ ညီညီ့ဦးနှောက်ထဲ အခုတလောဝင်ဝင်လာသည့်အကြောင်းတွေပဲဖြစ်သည်။ခက်သည်က ချမ်းငြိမ်းတစ်ဦးတည်းသာ တွယ်တာခဲ့သည့် ညီညီက ချမ်းငြိမ်းမဟုတ်သည့် နောက်တစ်ယောက်ကို အချိန်တိုလေးအတွင်းမှာ သံယောစဉ်တွေ တွယ်ငြိမိတော့မည်။

ဒုန်း....ဒုန်း...ဒုန်း...

" ကောင်လေး မြန်မြန်ချိုးစမ်း...အခုထိ မပြီးနိုင်သေးဘူးလား..."

ဆပ်ပြာတုံးကို ကောက်ပြီး ခန္ဓာကိုယ်တွေပေါ် ဖြည်းဖြည်းချင်းပွတ်တိုက်နေခိုက် အခန်းတံခါးထုသံနှင့် ဦးထိန်အသံကြီးကြားလိုက်ရသဖြင့် ညီညီ ကြောင်သွားရသည်။ဦးထိန်က အခုထိ ညီညီ့အခန်းမှာ ရှိနေသေးတာလား...။အံ့သြမှုအတိုင်းသားနှင့် ရေမြန်မြန်ချိုးရတော့သည်။လှုပ်ရှားလိုက်တိုင်း လက်မောင်းမှ ကြွက်သားတွေက တဆစ်ဆစ်နာနေသေးသည်။

အစောတလျင် ရေချိုးပြီးနောက် သားဘက်ပန်းရောင်ကို ခါးမှာပတ်လျက်...ရေချိုးခန်းထဲမှ ထွက်ခဲ့လိုက်သည်။

ထိန် ရဲ့လေးကိုင်သဏ္ဌာန်မျက်ခုံးတွေက စိတ်ရှုပ်ထွေးမှုတွေကြောင့် ကြုတ်သွားရသည်။ဒီကောင်လေး အအေးပတ်ချင်နေသလားပင်။အပေါ်ပိုင်း ဗလာကျင်းနေပြီး နီကျင့်ကျင့်ဆံနွယ်တွေဆီမှ ရေစက်တွေက တစ်စက်စက်ကျနေသည်။ဖြူဥနေသည့် အသားအရည်က ပြတင်းတံခါးဆီမှ အလင်းရနေသည့် ခပ်ပြင်းပြင်းနေရောက်အောက်တွင် အတော်လေး ကြည့်လို့ကောင်းနေသည်။ခက်သည်က ကောင်လေးက သိပ်ပိန်လွန်းနေသည်ပင်။

ထိန် ချောင်းတစ်ချက်ဟန့်ရင်း ကောင်လေးဆီမှအကြည့်ကို ခပ်မြန်မြန်လွဲလိုက်သည်။သူ့ခန္ဓာကိုယ်အပေါ်ပိုင်းလည်း အခုထိ စိုနေတုန်းဖြစ်သည်။သို့သော် သူ့ကျန်းမာရေးထက် ကောင်လေးကျန်းမာရေး ကပိုအရေးကြီးသည် မဟုတ်ပါလား။

" ဦးထိန်....ကျွန်တော့်ကို အခုထိစောင့်နေတာလား..."

" ဘာကြောင့် မင်းခေါင်းကို ပြောင်အောင်မသုတ်တာလဲ ...နေမကောင်းဖြစ်ချင်နေတာလား...ဟမ်..."

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now