(29)

16.5K 1.7K 7
                                    

(Zawgyi)

မလှမ်းမကမ်းတွင် ရပ်ထားသည့် ဆိုင်ကယ် နားသွားကာ ဒေါက်ဖြုတ်လိုက်သည်။နောက် ထိုဆိုင်ကယ်ပေါ် သို့ ခွတက်လိုက်သည်။သော့ထိုးကာ စမ်းနှိုးကြည့်လိုက်တော့ ဆိုင်ကယ်က စက်နှိုးလာခဲ့သည်။လေးလေးကိုလှမ်းကြည့်လိုက်တော့ မျက်နှာသေနှင့်ပါပင်။ဘယ်လိုနေနေ...အခုကိုယ်တိုင် ဘယ်လိုမှပြင်ပြီး စက်နိုးလို့မရသည့် ဆိုင်ကယ်ကို သုံးညတိတိ ကလိလို့အပြီးမှာတော့ သူ့လက်ထဲတွင် စက်နှိုးလို့ရနိုင်ခဲ့သည်။ပြောရလျှင် သူပညာရည် ပြည့်ဝခဲ့ပြီ မဟုတ်ပါလား။

ဆိုင်ကယ်ဒေါက်ပြန်ထောက်ကာ အိမ်ရှေ့ တိုင်တွင် ချိတ်ထားသည့် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်။ပြီးနောက် ဆိုင်ကယ်ပေါ် တက်ရန်ပြန်ပြင်လိုက်ပြန်သည်။

" ရော့ ဒီဆိုင်ကယ်နဲ့သွား...."

လေးလေးက လော်ကျား ဆိုင်ကယ်သော့လေးကို သူ့လက်ထဲထည့်ပေးလာသည်။သူ လေးလေးလက်ထဲမှ သော့ကို ဆတ်ခနဲ ဆွဲယူလိုက်ကာ လော်ကျားဆိုင်ကယ်ကို ခပ်မြန်မြန်ပင် ထုတ်လိုက်သည်။ဆိုင်ကယ်စီးဖို့ပြင်တော့ လေးလေးက မနိုင်သည့်မျက်ဝန်းတွေနှင့်ကြည့်လာသည်။နောက်ဆက်တွဲက စိုးရိမ်မကင်းအကြည့်တွေ။

အနည်းဆုံးတော့ မျက်နှာထက် အထိုးခံလိုက်ရရုံသာပါ။ကျန်တာတော့ ဘယ်သူမှ ဘာမှမလုပ်နိုင်ရာ။
ဒီနေ့တော့ သွားကိုသွားရမှဖြစ်မည်။မဖြစ် ဖြစ်သည့် နည်းနှင့် သူ့ချစ်သူဆီ အရောက်ကို သွားမှဖြစ်မည်။
ဒီနေ့မှ မသွားလျှင် တစ်သက်လုံး ဝေးရမည်။တစ်သက်လုံး သူငယ်ချင်းအရင်းကို ဆုံးရှုံးရလိမ့်မည်။

အကယ်၍ သစ္စာဖောက်ခံရသည်ဆိုလျှင်လည်း အဖြစ်မှန်ကို အများသိစေရမည်။ကျင်းထဲကျပ်တည်း ရောက်နေသည်ဆိုလျှင်လည်း အခု သူဖြေရှင်းပေးတော့မည်။သူ့အနေနှင့် အလုပ်တွေ ပြီးအောင် ကြိုးစားခဲ့သော်လည်း လေးလေးက သူ့အကြံကို သိနေသည်မို့ အိမ်ကိုပြန်မလွှတ်ခဲ့ပါ။ခြောက်လကျော်ကြာသည့်နောက်တွင် သတင်းတစ်ခုက သူတို့နေထိုင်သည့်မြို့ကို ပျံ့လွှင့်လာခဲ့သည်။

ထိုသတင်းကား မိန်းမလှလေးစိန် လက်ထပ်တော့မည်ဆိုသည့် သတင်းပင်။ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် မင်္ဂလာအိမ်ကြီးထဲတွင် သူ့ချစ်သူဟာ အပြုံးပန်းတွေဝေဆာစွာနှင့် သိပ်ကိုလှပနေပါသည်တဲ့။သတင်းစကားက သူ့ရင်ကို ကွဲကြေစေသည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now