(26)

16.6K 1.8K 37
                                    

(Zawgyi)

ညီညီ တစ်ပတ်လောက် အိပ်ယာထဲ လှဲလိုက်ရသည်။ဖျားနာခြင်းမျိုးမဟုတ်ပါပဲ ရင်ဘတ်ကဒဏ်ရာကြောင့်သာ ဖြစ်သည်။

ညီညီ အိပ်ယာထဲကနေ ပထမဆုံးထနိုင်သည့် ဒီမနက်မှာ ဦးထိန်က ဘာစကားမှများများစားစားပြောမနေပဲ ထုံးစံအတိုင်းဂိုဒေါင်ထဲ ခေါ်လာသည်။နောက် ကြမ်းပြင်မှာ ယူလာသည့် တိပ်ခွေတွေထဲကမှ အဝါရောင်တိပ်ကို ကပ်ပြီး ပုံမှန် stance အနေအထား၊ခြေထောက်အကျယ်အဆန့် ပြုလုပ်နိုင်သည့် အနေအထား တစ်ပေခွဲပတ်လည် အကျယ်ရှိသည့် လေးထောင့်ကွက် တစ်ခုကိုပြုလုပ်ခဲ့သည်။

လေးထောင့်အကွက်လေးခုနေရာမှာ ညီညီ့ခြေထောက်နှစ်ချောင်းက ပနံသင့်စွာနှင့် ဦးထိန် တိုင်ပင်အော်ပေးသည့်အတိုင်း စည်းချက်ညီညီ လှုပ်ရှားနေသည်။

ပေါ့ပါးမြန်ဆန်ဖို့နှင့် ဟန်ချက်ထိန်းနိုင်ဖို့ လေ့ကျင့်သင့်သည့် ခြေထောက်ရွှေ့လျားမှုတွေကို ဦးထိန်က သင်ပေးနေခြင်းဖြစ်သည်။

ဒါဟာလည်း အခြေခံကိုယ်ခံပညာတစ်ရပ်အတွက် အထောက်အကူပြုသည့် အရာတစ်ခုပင်ဖြစ်သည်။

ဒီတစ်ခေါက်ညီညီ ထလာကတည်းက ဦးထိန်က စကားများများမပြော။လိုတာပိုတာတွေ ပြောခြင်းမရှိပဲ ဒါကိုပဲ အာရုံစိုက်ကာ သင်ပေးနေခြင်းပင်။

ညီညီ မျက်မှောင်ကြုတ်လိုက်မိသည်။ဦးထိန်က ပွင့်ထွက်လာခြင်းမရှိသည့် ချစ်ခြင်းတွေကို သိုဝှက်သည်ထက်သိုဝှက်လာသလိုပင်။ကောင်းမည်ကောင်းရက် ဖြစ်နေသည့် ကိစ္စကို ဦးထိန်က ဘာထဖြစ်သလဲ မသိပါ။နေမကောင်းစဖြစ်စဉ်ကနေစ မနေ့ကညအထိ ဦးထိန်က အကောင်းကြီးပါလေ။

မြတ်မြတ်နိုးနိုး အနမ်းပေးခြင်းမှစ ....နှစ်ယောက်သား ပြောစရာမလိုသည့် အခြေအနေထိ တစ်ယောက်ရင်ဘတ်တစ်ယောက်ဖောက်ထွင်း သိမြင်နေသည့် ခံစားချက်တွေရှိနေခြင်းမှ အဆုံး သိရှိနေပြီးကာမျှမျာ်လင့်ချက် သေးသေးမျှင်မျှင်လေးက အရောင်တွေ မှိန်ဖျော့သွားခဲ့သလိုပင်။

စိန့်အတွက်များ စဉ်းစားပေးနေတာများလား။ဒါမှမဟုတ် ညီညီက တမင်စနောက်နေသည်ဟု ဒီလူကြီး ထင်သွားလေရောလား။ဒီလိုအတွေးတွေကြောင့် မတ်တပ်ရပ်နေသည့် အနေအထားကနေ ခြေတစ်လှမ်းနောက်ဆုတ်ပစ်လိုက်တာများလား။ဦးထိန်၏ အေးစက်စက်အပြုအမူတွေက နာရီတွေကြာလာလေလေ ပိုမို ပီပြင်လာလေဖြစ်သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now