Extra

15.5K 1.2K 15
                                    

(zawgyi)

ညီညီ ခြံဝန်းထဲတွင် အလှဆင်ထားသည့် အဖြူရောင် အခမ်းအနားကြီးကို အိမ်အပေါ်ထပ် ဝရံတာမှ နေ၍ မတ်တပ်ရပ်ကာ စိုက်ကြည့်နေမိသည်။အရော
င်အဝါတွေ တောက်ပနေသည်က ပကတိရိုးရိုးရှင်းရှင်း ခင်းကျင်းထားသည်ကိုပင် ပေါ်လွင်စေနေသလို။ထိုနေရာထိုင်ခင်းအထားအသို တွေကလည်း အဖြူရောင် ထဲတွင် လှလှပပနှစ်မြှပ်နေလေ၏။
နှင်းဆီဖြူတွေကို မြေကွက်လပ် ပတ်ပတ်လည် တွင် လှပသေသပ်စွာ အလှဆင်ထားသည် က မင်္ဂလာအခမ်းအနားကို ပိုပြီးရုပ်လုံးကြွနေစေလေသည်။

ဒီကနေ့ ဦးထိန်တို့အိမ်တွင် တစ်အိမ်သားလုံး အလုပ်ရှုပ်နေကြ၏။မနက်ငါးနာရီတုန်းက ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကျွေးအပြီးမှာ လုပ်စရာမရှိသည်မို့ ညီညီ အိပ်ယာထဲ ပြန်ဝင်ကွေးခဲ့သည်။ယခု ညီညီ အိပ်ယာမှ ပြန်နိုးလာတော့ ခြောက်နာရီခွဲလုပြီ။ညီညီ ပြန်ထလာသည့် အချိန်ကတည်းက ဦးထိန်ကိုပင်မမြင်မိ။သူ့daddyကြီး ဟိုလူ့အမိန့်ပေး၊ဒီလူ့အမိန့်ပေးနှင့် အိမ်အောက်ထပ်တွင် ရှိနေသည်ထင်သည်။

ညီညီသည် ဒီကနေ့ကို ကြိုတင်ရင်ခုန်နေမိခဲ့၏။ညီညီ နှင့် ဦးထိန်တို့ ၏ မင်္ဂလာပွဲမဟုတ်သော်ငြား လှိုက်မောဖွယ်ကောင်းလွန်းသည့် အပြင်အဆင်တွေကို မြင်ရရုံနဲ့တင် ရူးလောက်အောင် ရင်တွေတုန်နေပြီ ဖြစ်သည်။ညီညီတို့အလှည့်များဆို ဘယ်လို နေမည်လဲမသိ။အခုတော့ဖြင့် ချမ်းငြိမ်းအစား တော်တော်လေးပင် ရင်တွေခုန်နေခဲ့သည်။

ဦးထိန်ကတော့ပြောရှာ၏။ညီညီ့ကို အတိအလင်း လက်ထပ်ချင်ကြောင်း။ညီညီ လည်း တစ်ချိန်က ဦးထိန်ကို လူအများရှေ့တွင် ငါ့အပိုင် ဆိုသည့် ခံစားချက်နှင့် လက်မောင်းကိုချိတ်ဆွဲပြီး ခမ်းခမ်းနားနား လူရှေ့ထွက်ပြချင်ခဲ့၏။သို့သော် ညီညီ စဉ်းစားရမည့် အချက်များ ခေါင်းထဲသို့ တသီတတန်းကြီး ဝင်လာခဲ့လေ၏။

ထိုခေါင်းထဲဝင်လာခဲ့သည့် အချက်တွေ၏ အဓိက တရားခံသည်ကား ညီညီ၏ ချစ်လှစွာသော ငယ်သူငယ်ချင်း ချမ်းငြိမ်းပင်။ချမ်းငြိမ်းသည် မအောင့်မအည်းနိုင်လောက်အောင် သူ့ချစ်သူစိန့်ကို လက်ထပ်ချင်နေပြီဖြစ်၏။ဦးထိန် ချမှတ်ထားသည့် စည်းကမ်းချက်တွေကို တသွေမတိမ်းကြိုးကြိုးစားစား လုပ်လေသော်ငြား ဦးထိန်က အဖက်လုပ်ခြင်းမရှိ။သို့နှင့် ညီညီ့ဆီသို့ နားပူနားဆာလုပ်လာခဲ့တော့သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now