The End

31.4K 2.1K 169
                                    

(Zawgyi)

အချိန်ဘယ်လောက်ကြာသွားလဲ ညီညီမသိ။အခန်းထဲ ဝင်သည်။ကုတင်ပေါ်လှဲအိပ်သည်။ပြီးတော့ ထသည်။ပြတင်းပေါက်နားသွားသည်။တံခါးလေးဟကြည့်သည်။မတ်တပ်ရပ်နေသည်ကိုတွေ့သည်။
အထဲ ခေါ်လိုက်ချင်သည့် စိတ်ကို မရမက ချိုးနှိမ်လိုက်သည်။နောက် စိတ်တွေခုန်နေသည်ကို ပြေလိုပြေညား ရေချိုးပစ်သည်။

ညခုနှစ်နာရီ ညီညီ စားဖို့ ချမ်းငြိမ်း ထမင်းလာပို့မှပင် ည အတော်မိုးချုပ်နေသည်ကိုသိတော့သည်။ဆောင်းတွင်းဝင်ခါစမို့ နေစောစောဝင်သည်။သို့တိုင်အောင် ဦးထိန်က ထိုအမှောင်ထုထဲမှာ တစ်နေကုန် မတ်တပ်ရပ်နေတုန်းပင်။ဒီလူကြီး ဘာဖြစ်ချင်နေတာလဲ။ထမင်းစားတာတောင် အဝင်မဖြောင့်တော့ဘူး။ဒါနဲ့ ထမင်းရော သွားမစားဘူးလား။

ဘာရယ်မဟုတ် ထမင်းနှင့်ဟင်းကို လူကြီးအတွက် သက်သက်ချန်ထားပေးလိုက်သည်။

ချမ်းငြိမ်းတောင် ချိုင့်လေးလာပို့သည့် အချိန်ခဏလေးအတွင်း ညီညီ့ကို လူဆိုးလို သဖွယ်ပြောဆိုသွားသေးသည်။ကိုယ်ကလူဆိုးမဟုတ် ဦးထိန်ကမှ လူဆိုးကြီးစစ်စစ်ပါလေ။

ညရှစ်နာရီတိတိမှာတော့ ဘယ်လိုမှ စိတ်တွေက ထိန်းမရတော့။ဒီလောက် စိတ်ဆိုးရင်တော်လောက်ပါပြီလေ။အဓိက က ဦးထိန် ချစ်နေပါသည်ဆိုတာ ညီညီ ကြားနိုင်ဖို့။အခု ဦးထိန်ကလည်း ပြောပြီးပြီ။ညီညီကိုယ်တိုင်ကလည်း ကြားပြီးလို့ ဝမ်းသာလုံးဆို့နေပြီ။အကြာကြီး မတ်တပ်လည်း ရပ်စောင့်ခိုင်းထားပြီးပြီပဲ။ဒီလောက်ဆို တော်ရောပေါ့နော်။

နို့မို့ ဦးထိန် ခြင်တွေအကိုက်ခံနေရတော့မှာပဲ။ခြေထောက်တွေလည်း သေမတတ် ညောင်းကိုက်နေရှာမှာ။

ဒီတစ်ခါ အတွေးထက် လက်ကပိုမြန်သွားသည်။အိမ်တံခါးမကြီးကို ဖွင့်ပြီး ခြံထဲ အမြန်ဆင်းကာ ခြံတံခါးဖွင့်လိုက်မိတော့ ခြံရှေ့မှာ ဦးထိန်ကို မတွေ့တော့။

ဟင် ပြန်သွားပြီလား အခုလေးတင် မြင်လိုက်သေးတာပါ....။

ခြံရှေ့ကိုထွက်ပြီး လမ်းမတစ်လျှောက်ကြည့်မိသည့် အချိန်မှ ညီညီ့ အနောက်ဘက်ခါးကနေ လက်တစ်စုံဟာ ခပ်ဖွဖွ ဖက်တွယ်လာခဲ့သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now