(31)

20.6K 1.9K 118
                                    

(Zawgyi)

လေတွေက တဖြူးဖြူးနှင့် တိုက်ခတ်နေသည်။နေက ခေါင်းထိပ်တည့်တည့်ကို ရောက်နေသော်လည်း ညီညီ ထိုင်နေသည့် နေရာမှ မဖယ်ခွာမိ။ဆောင်းတွင်းစဝင်ခါစမို့ နေရောင်ခြည်က အနွေးဓါတ်ပေးနေသလိုတော့ရှိနေသည်။သို့ပေမယ့် ကြာကြာထိုင်နေလျှင်တော့ ပူလာနိုင်ချေရှိသည်။ဒါလည်း ဘာအရေးလဲ။ညီညီ့ရင်ထဲက အပူလောက် နေရောင်ဒဏ်က ပူလာနိုင်မှာတဲ့လား။

ခပ်ဝေးဝေးက ပျံသန်းသွားသည့် ငှက်ငယ်တွေဆီ အကြည့်ရောက်မိပြန်တော့ သက်ပြင်းခပ်သဲ့သဲ့ချမိပြန်သည်။ဘာကြောင့်မှန်းမသိ မျက်လုံးထဲ မြင်မြင်လာသမျှကို ကြည့်မိပြီး သက်ပြင်းတွေ ချနေမိတာ ဦးထိန် အိမ်ကနေပြန်လာစဉ်ကတည်းက။

ဒီကိုရောက်တော့ ကိုယ့်အိမ်မှာကိုပြန်နေခဲ့တာ ဒီနေ့နဲ့ဆို ငါးရက်မြောက်တိတိ။ချမ်းငြိမ်း နှင့်လည်းစကားမပြော။အိမ်ရောက်လာကာစပ်စုကြသည့် လူတစ်စုကိုလည်း စကားမပြောပဲ နေလာလိုက်တာ ဝစီပိတ်ကျင့်နေသည်လားတောင် ကိုယ့်ကိုကိုယ် ပြန်မေးချင်မိသည်အထိ။ထမင်းစားချိန်ရောက်လျှင်တော့ ချမ်းငြိမ်းက ချိုင့်တစ်လုံးနှင့် အချိန်မှန်ရောက်လာတတ်သည်။

အချိန်တိုင်းချော့သည်။ညီညီကတော့ လာပို့သမျှ ဘာစကားမှပြန်မပြောပဲ စား သည်။ညီညီ ရွာကို ပြန်ရောက်လာကတည်းက ချမ်းငြိမ်းလည်း ဦးထိန်ဆီမှ အကန်ခံလိုက်ရသည်။သတ္တိမရှိ၊သရဲဘောကြောင်သည်ဆိုသည့် စွတ်စွဲချက်နှင့်ပါလေ။ချမ်းငြိမ်းက အချိန်မှီ အင်း...အချိန်မှီရောက်လာခဲ့သည်ပဲ ဆိုရမှာပေါ့။ဦးထိန်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံတွေ သိရှိသွားခဲ့သည်။

အားလုံးသိသွားခဲ့တော့ ညီညီ့ မျက်နှာကို ဦးထိန် စေ့စေ့ မကြည့်ရဲလေတော့။ညီညီကတော့ မျက်နှာသေ နှင့် ရွာကိုပြန်ဖို့ရာပဲ စိတ်စောခဲ့သည်။ပိုပြီး ဒေါသထွက်စရာကောင်းသည်က ဦးထိန်ဟာ ညီညီ ပြန်မည်ဆိုသည်ကို တစ်ခွန်းတစ်လေမှ မတားခဲ့တာပေ။သိပ်ကို မုန်းဖို့ကောင်းသည့်လူကြီး။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက် စဉ် မျက်ခမ်းစပ်ဆီမှ မျက်ရည်တွေဆို့တက်လာခဲ့သည်က လေတိုက်တာ ကြမ်းလာလို့ပဲ ဖြစ်ပါလိမ့်မည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now