Extra-1

12.2K 1.1K 3
                                    

(zawgyi)

ထိန် သည် စိတ်ရှုပ်ထွေးလွန်းစွာ နှင့် ပစ္စည်းတွေ ဟိုတစ်ခုဒီတစ်ခုပြန့်ကျဲနေသည့် ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။သူ့အမိန့်ကြောင့် မကြာခင်အချိန်အတွင်း မေ့လဲကျနေသည့် ကလေးမလေးနှစ်ယောက်ကို သူ့တပည့်တွေ သယ်ဆောင်သွားခဲ့တော့သည်။

" ဆရာဝန်သေချာ ခေါ်ပေးလိုက် ဒီမှာ ဘာတွေ ဖြစ်ပျက်နေသလဲ အခုငါ့ရှေ့မှာရှိနေတဲ့ လူတွေကလွဲ ကျန်တဲ့သူ တစ်ယောက်မှ မသိစေနဲ့ တစ်ယောက်ယောက်ကနေ သတင်းတစ်ခုခုပေါက်ကြားသွားကြည့် မင်းတို့ အသေပဲ ..." ဟုလည်း ကြိမ်းမောင်းလိုက်ရသေးသည်။

အားအင်တွေကုန်ခမ်းသွားသလိုပဲ။ဒီပွဲအတွက် အကုန်မရပ်မနားပြင်ဆင်လာခဲ့ရတာ။မင်္ဂလာပွဲပျက်သွားခဲ့သည်ထား၊သူ့အရှက် ဂုဏ်သိက္ခာတွေထား၊သူ့သမီးအရှက်ကပိုအရေးကြီး၏။သွားပုပ်လေလွှင့်ပြောကြမည့် စကားတွေ ဘယ်ပါးစပ်ပေါက်ကနေမှ ထွက်မလာစေချင်ဘူး။အရေးကြီးဆုံးက သူ့သမီး၏စိတ်။တစ်ခုခုစွန်းထင်းသွားမှာ သိပ်ကြောက်လှ၏။

စိတ်ရှုပ်ထွေးမှုကြောင့် သက်ပြင်းခဏခဏ ချနေမိသလို သူ့လက်တွေပင် မသိမသာ တုန်ယင်နေသည်။တကယ်တမ်း သူ အရမ်းတုန်လှုပ်နေမိသည်။သူ မရောက်နိုင်ခင်စပ်ကြားကာလမှာ သူ့သမီး ဘာတွေဖြစ်ပျက်သွားနိုင်သလဲ။သူတွေးရင်း သွေးပျက်နေပြီဖြစ်သည်။

ညီညီသည် ဦးထိန် စိတ်ပျက်လက်ပျက် ထိုင်နေသည့်နား ဒူးထောက်ထိုင်ချလိုက်၏။ချမ်းငြိမ်းကိုလည်း ဂရုမစိုက်နိုင်တော့။အခုချိန် ဦးထိန်တစ်ယောက် အရမ်းပင်ပန်းနေရှာသည်။ညိုးငယ်စိုးထိတ်နေသည့် ဦးထိန့်မျက်နှာလေးကို ဒူးထောက်နေရင်းတန်းလန်းမှပင် ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ လက်တစ်ဖက်က အနောက်ဘက်ကနေ ပုခုံးအထိရောက်အောင် သိုင်းဖက်ထားလိုက်၏။ဦးထိန်တစ်ကိုယ်လုံး ကလေးလေးတစ်ယောက်လို ညီညီ့ရင်ခွင်ထဲ ရောက်လာကာ ညီညီ့လည်ပင်းကိုပင် ဖက်တွယ်လာခဲ့၏။

ဦးထိန်၏အပြုအမူကြောင့် ညီညီ့မှာ မပြုံးပဲမနေနိုင်။

" ခဏနေ အဆင်ပြေသွားမှာနော် daddy စိန်က ဘယ်လောက်တောင် သန်မာတဲ့မိန်းကလေးလည်း ဒီအခြေအနေကို ကျော်ဖြတ်နိုင်မှာပါ Zen4 နဲ့ မင်းညိုဆီက သိရတာနဲ့ ကျွန်တော်တို့ ချက်ချင်း လိုက်သွားကြမယ်လေ ..."

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now