(1)

106K 3.6K 158
                                    

(zawgyi)

" စာလာတယ်ဗျို့...."

အိမ်ရှေ့ဆီမှ ငှက်တေးသံသာလို အော်ခေါ်လိုက်သည့် အသံကြောင့် အခုမှပင် ညီညီ သက်ပြင်းချနိုင်သည်။ထိုင်ရကောင်းနိုး မတ်တပ်ရပ်နေရ ကောင်းနိုး ဂဏာမငြိမ်ဖြစ်နေသည့် နံဘေးမှ ကောင်ကလဲ အခုမှပင် ဝမ်းသာလုံးစို့သည့် ပုံနှင့် စာလာအပေးကို စောင့်နေလေသည်။

အိမ်အကူမလေး နီနီအနားရောက်လာကာ လက်ထဲစာထည့်ပေးလိုက်တော့ မှပင် အငမ်းမရ ယူနေသည့် ပုံစံက ခုဏတုန်းကလို သေတော့မယ့်ရုပ်မဟုတ်တော့....။

ညီညီ နှာခေါင်းရှုံ့ပြီး ခေါင်းခါယမ်းလိုက်မိသည်။' ငါးရံ့ပြာလူး ' ဆိုသည့် စကားပုံက ဒီကောင်နဲ့ အံကိုက်ပဲ ....။အခုတောင် စာလေးတစ်စောင်နဲ့ တော်တော်လေး ပျက်စီးနေပြီလေ ....။

ချမ်းငြိမ်း က အညိုရောင်စာအိတ်ကလေးကို ရင်ခုန်စွာ ဖွင့်နေသည်။စာရွက်ပန်းရောင်လေးထွက်လာသည့်အခါ သူ့မျက်နှာတစ်ခုလုံး ရွှေဝါရောင် လွှမ်းခြုံသွားတော့သည်။

" ကိုကိုရေ....အချစ်တော့ ငှက်ကလေးတစ်ကောင်ဖြစ်လို့နေပါပြီ...အထပ်ထပ်ကာရံထားတဲ့ ရွှေအိုရောင် နန်းတော်ကြီးဟာ အချစ်ရှင်သန်ရာ လှောင်အိမ်စံကြီးပေါ့ ....အချစ်လေ ထွက်ပြေးလို့ရရင် အတောင်ပံတွေကို အားပြုပြီး ရှင့်ဆီ ထွက်ပြေးလိုက်ချင်ပါရဲ့ ....အခုတော့ဖြင့် အတောင်ကျိုးနေတဲ့ ငှက်ကလေးဖြစ်နေရရှာပါပြီ ....ဒါပေမယ့် မပူပါနဲ့ ပွဲတော်နေ့ကြရင် ....အချစ် မရှိ ရှိတဲ့ ခွန်အားနဲ့ ရုန်းထွက်ပြီး ချိန်းဆိုထားတဲ့ ဘုရားဆီကို မရောက်ရောက်အောင် လာခဲ့ပါ့မယ် ...အခုတော့ဖြင့် ရွှေပေလွှာတွေကိုပဲ ကိုကို့ဆီ အမှာပါးနေပါရစေနော် ....ချစ်ရတဲ့ ....အား.....ကွာ...."

တစ်လုံးစီ အသံထွက်ကာ စာဖတ်ပြီးသည့် နောက်မှာ ချမ်းငြိမ်းဟာ သူ့လက်ထဲရှိ ပန်းရောင်စာရွက်လေးကို ချစ်ရည်ရွှန်းလဲ့နေသည့် မျက်လုံးရွှဲတွေနှင့်ထပ်ကြည့်ကာ....ကောင်မလေးတစ်ယောက်ကို နမ်းလိုက်သလို ပြွတ်ခနဲ နမ်းလိုက်ပြန်သည်။

နေမြင့်လေ အရူးရင့်လေ ဆိုတာ သေချာပေါက် ချမ်းငြိမ်းဆိုတဲ့အကောင်ကို ပြောတာဖြစ်မည်။
ဘာအဓိပ္ပါယ် ဘာအနှစ်သာရမှမရှိသည့် စာတစ်စောင်ကို သေမလိုမျော်နေပြီး စာရောက်လာပြန်တော့လည်း  စွဲကပ်နေသည့် ရောဂါက ပျောက်ကင်းသွားနိုင်စွမ်းမရှိပေ ....။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now