(16)

16.7K 2K 122
                                    

(zawgyi)

ကောက်ပွေ့ပြီး ဆေးရုံပို့ရန် ပြင်တော့ မတည်ငြိမ်သည့် ခပ်ဆိုးဆိုး အတွေးတွေက ခေါင်းထဲတိုးဝင်လာသည်။မဖြစ် အန္တရာယ်များလောက်မည်...။မနေ့တစ်နေ့ကတင် Demon ဂိုဏ်းနှင့် ဇယား ရှုပ်ထားတာ ဆေးရုံရောက်လို့ သတင်းပြန့်သွားလျှင် ဒီကောင်လေးကို အသက်အန္တရာယ် ထိခိုက်လာနိုင်သည်။

သို့ကြောင့် ခုတင်ပေါ်တွင်သာ ပြန်တင်လိုက်ပြီး အင်္ကျီလဲပေးရန် အရင် ပြင်ဆင်လိုက်သည်။

" မင်းညို...သီဟ....ရှိလား...."

" ဟေ့ တစ်ယောက်ယောက်မရှိဘူးလား အမြန်လာကြစမ်း ......"

" ဗျာ ခေါင်းဆောင်ကြီး လာပါပြီ ...."

" ပါပါး ....ဟင်....ကိုကို ဘာဖြစ်တာလဲ ...."

ထိန် သမီးအခန်းထဲဝင်လာသည်ကိုတောင် ဂရုမစိုက်နိုင်ပဲ ကောင်လေးဝတ်ဆင်ထားသည့် ဖဲသားညဝတ်အင်္ကျီအညိုရောင် လေး ၏ ကြယ်သီးတွေ လျင်မြန်စွာ ဖြုတ်ပြီး ချွတ်လိုက်သည်။ဖြူဖွေးဥနေသည့် ခန္ဓာကိုယ်ပေါ်တွင် ချွေးသီးတွေကို အတိုင်းသား မြင်နေရသည်။

" သမီး....အင်္ကျီတစ်ထည်အမြန်ယူစမ်း...သီဟ ဆရာဝန်တစ်ယောက်အမြန်ခေါ်ခဲ့ ....မင်းညို ရေဇလုံနဲ့ ပုဝါတစ်ထည် ယူစမ်း ...."

နဖူးကျောကြီးတင်းနေပြီး နားထင်တစ်လျှောက် ချွေးတွေ စီးကျကာ ပျာယာခတ်စွာ အော်နေသည့် ခေါင်းဆောင်ကြီးကို သီဟတို့ တသိုက် ကြောင်ကြည့်နေကြသည်။

" ဘာလုပ်နေကြတာလဲ ငါပြောတာ တစ်ယောက်မှ မကြားကြဘူးလား ...."

ထိန် ထက်အော်လိုက်သည့်အချိန်မှ ပျာတိပျာယာ အမူအယာတွေနှင့် သီဟနဲ့မင်းညို အခန်းထဲမှ ထွက်သွားခဲ့ကြသည်။စိန်က ဗီရိုကို ကမန်းကတန်း ဖွင့်ရင်း ဖခင်ဖြစ်သူ၏ ဒေါသကို အံ့သြနေမိသည်။ဘာကြောင့် ကိုကို့ ကို အသည်းအသန် စိုးရိမ်နေသလဲပင်။

" ပါပါး...ဒီမှာ ...."

အစိမ်းရောင်ဝတ်စုံလေးကို ပါပါးကို လှမ်းပေးတော့ ကိုကို့ ခန္ဓာထက်တွင် အဝတ်အစားတွေကပ်မနေတော့။

" အပြင်ထွက်နေစမ်း ...."

ပါပါး ခက်ထန်ထန် အပြောအောက်တွင် စိန် ဇက်ကလေးပုပြီးထွက်ခဲ့သည်။စိန်အပြင်ထွက်လာချိန် သီဟနှင့် မင်းညိုက ဇလုံတစ်ခွက်ကိုင်ကာ အခန်းထဲ ဝင်သွားခဲ့သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now