(24)

15.5K 1.8K 42
                                    

(Zawgyi)

" ဝါး....မြင်းကြီးက လှလိုက်တာ..."

ညီညီ ရဲ့ အရှေ့တည့်တည့်မှာ မြင်နေရသည့် မြင်းစောင်းထဲမှ အလှဆုံးဖြစ်သည့် အုန်းခွံရောင် မြင်းကြီးနားကို အပြေးသွားလိုက်ကာ မျက်လုံးတောက်တောက်တွေနှင့် ပြောလိုက်သည်။

မင်းညိုက ထိတ်လန့်နေသည့် မျက်နှာနှင့် ညီညီ့အနားမှာ မဝံ့မရဲ မတ်တပ်ရပ်လို့နေသည်။

" ကျွန်တော် မြင်းစောင်းရှိနေမှန်းတောင် မသိခဲ့ဘူး..."

ခပ်ဆဆနှင့် တွေးတောပြောတော့ မင်းညိုက တဟင်းဟင်းနှင့် လုပ်ရယ်ရယ်သည်။မြင်းက သုံးကောင်သာရှိပေမယ့် မြင်းစောင်းကအတော်လေးကျယ်သည်။ဂိုဒေါင်တွေအများအပြားဆောက်ထားသည့် အနောက်ဘက်ယွန်းယွန်းတွင် မြင်းစောင်းကို ဆောက်လို့ထားသည်။အိမ်ဝန်းအတွင်းနက်နက်မို့ ညီညီ မြင်းစောင်းရှိနေမှန်းကိုမသိတာပေ...။သို့သော် ဦးထိန် ခိုင်းသည့် ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်နေပြီး မင်းညိုနှင့် စကားစပ်မိသွားရာမှ မြင်းသုံးကောင်ရှိမှန်းသိသွားခဲ့သည်။

ညီညီက ငယ်ငယ်လေးကတည်းက မြင်းကိုစီးတတ်ချင်ခဲ့တာပင်။ရွာမှာတော့ ငယ်ငယ်ကအမြဲနွားကျောင်းနေကြမို့ နွားကိုသာ စီးဖူးခဲ့သည့် အချိန်တွေရှိသည်။နွားနှင့်မြင်း အကောင်သာ ကွာသွားတာ တက်စီးရတာချင်းကတော့ အတူတူပဲမလား....။
ဘာခက်တာမှတ်လို့ ...။

ထိုသို့အတွေးတွေနှင့် မြင်းစီးချင်သည့် စိတ်တွေပေါင်းကာ မင်းညိုကို သူ၏ပါဝါ အနည်းငယ်ပြပြီး မြင်းစောင်းသို့မရမက ပို့ခိုင်းလိုက်တာပင်။

နောက်တစ်ချက်က ဦးထိန်နှင့် ညီညီ၏  ဆက်ဆံရေးကို ဒီ့ထက်ပို အဆင့်တက်ချင်တာ။နေ့တိုင်း ဦးထိန် ပါးပေါ်သို့ရောက်ရှိသည့် ညီညီ၏အနမ်းတို့လောက်နှင့် မတင်းတိမ်နိုင်တော့။

ညီညီက ဦးထိန်ခိုင်းသည့်အတိုင်း တစ်ခုမဟုတ် တစ်ခု ကြိုးစားပြီးလုပ်ပြီးတိုင်း ဦးထိန်ကို လူလည်ကျကာ ဦးထိန်၏ပါးသို့ မွတ်ခနဲ နမ်းတတ်သည်။
ထိုသို့ နမ်းသည့်အခါ ဦးထိန်က မျက်နှာကြီးတစ်ခုလုံး နီရဲတွတ်ပြီး ရှက်လို့မပြီးတော့။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now