(9)

16.2K 1.9K 18
                                    

(zawgyi)

ညီညီသည် ယခုများမှာတော့ မနက်တိုင်းခြောက်နာရီအတိ ထိုးသည်နှင့် ကိုယ့်အသိစိတ်ဓါတ်နှင့် ကိုယ် ထရပြီး ဦးထိန်ရဲ့ အိမ်ကြီးကို ပတ်ပြေးနေတာ ငါးရက်မြောက်နေ့ရှိသွားပြီဖြစ်သည်။အပတ်နှစ်ဆယ်အထိ ပတ်ပြေးလာနိုင်ပြီဆိုတော့ ကိုယ့်ကိုကိုယ်တော့ ချီးကျူးနေမိသည်။

ဦးထိန်ကတော့ ခပ်လှမ်းလှမ်းကနေ ညီညီ့ကို လက်ကလေးပိုက်ပြီး စောင့်ကြည့်နေခဲ့သည်။မနက်ခြောက်နာရီဆို ထပြေးရသည်။ထပြေးပြီးလျှင် ဦးထိန်ရယ်သူ့သမီးစိန်ရယ်နှင့် မနက်စာအတူစားသည်။ကျန်သည့်အချိန်များမှာတော့ ဦးထိန်က သူ့ဖာသာ လုပ်စရာရှိတာ လုပ်နေပြီး ညီညီကတော့ အိပ်နေသည့်အချိန်ကများသည်။စိန်ကတော့ သူ့တူတွေတူမတွေနှင့် အနီးအနားရှိ အိမ်က ကလေးတွေကို စာသင်ပေးသည်ဟု ဆိုသည်။

ဦးထိန် ဆီသို့ ညီညီရောက်နေသည်မှာ ရှစ်ရက်တောင်ရှိသွားပြီ ဖြစ်သည်။သို့သော်ညီညီနေထိုင်သည့် ရွာက ရွာသားတစ်ယောက်တစ်လေမှ ဦးထိန်အိမ်ကြီးဆီသို့ မျက်စိလည်လမ်းမှားပြီး ရောက်လာခြင်းတောင် မရှိခဲ့ပါ ...။ချမ်းငြိမ်းက ရွာမှာ မဟုတ်ပဲ တစ်မြို့တစ်ရွာမှာမို့ ...ညီညီ အိမ်မှာမရှိတာ ဘကြီးဖိုးဘစည်က မပြောတာများလားတော့မသိ။

အကယ်၍ ညီညီ ပျောက်နေတာများ ချမ်းငြိမ်းသိခဲ့လျှင် ဝပ်ရှော့သင်တန်းမတက်ပဲ ချက်ချင်းပြန်ချလာမှာစိုးသောကြောင့်ဖြစ်မည်။ချမ်းငြိမ်း သင်တန်းတက်ပြီး ပြန်အလာကိုသာ ညီညီ့ စောင့်နေရုံသာရှိတော့မည်။

ဒီငါးရက် အတွင်း နေရထိုင်ရတာ ညီညီ အဆင်တော့ပြေနေသား။တစ်ခြားသူတွေအတွက် ဦးထိန်က ဘယ်လိုလူစားလဲ မသိပေမယ့် ညီညီ့အပေါ်တော့ အတော်ကောင်းသားပင်။စိတ်လဲရှည်သည့်အပြင် သည်းလဲသည်းခံပေးပြီး စိတ်တို တာ ဘာညာလဲ သိပ်မရှိခဲ့ပေ။တစ်ခုပဲ ရှိသည်...။သူ့သမီးနှင့် ညီညီ့မှာ စကားလေးနှစ်ခွန်းသုံးခွန်း ပြောမိလိုက်ရင်ဖြင့် မျက်ထောင့်နီကြီးနှင့် မကြည်သလို စူးစိုက်ပြီးကြည့်တတ်ခြင်းပင်။

စိန်ဆိုသည့် ကောင်မလေးကလည်း ညီညီ့ကို သူ့ချစ်သူ ချမ်းငြိမ်းအထင်နှင့် သူ့အဖေကွယ်ရာတွင် ခဏခဏ စကားလာပြောတတ်သည်။ညီညီ့ ရင်ခွင်ထဲ တိုးဝင်ရင်တော့ဖြင့် ညီညီ့မှာ စိတ်တွေအရမ်းညစ်ပြီး မနေတတ်အောင် ဖြစ်ရသည်။ညီညီ က ချစ်သူရည်းစား တစ်ခါမှ မထားခဲ့ဖူးပေကိုး။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now