(20)

17.7K 1.9K 57
                                    

(zawgyi)

ညီညီ့ကို ပွေ့လျှက်နှင့်ပင် ကားပေါ်က ဆင်းတော့ ထိန်ပြန်အလာ စောင့်နေကြသည့် အဖွဲ့နှစ်နှင့်သုံးမှ တပည့်တွေက အကုန်တုန်လှုပ်ကုန်သည်။

ခေါင်းဆောင်ကြီး၏သားမက်လောင်းလေးကို မည်မျှပင် အထိမခံ ရွှေပန်းကန်ဖြစ်သည်ကို သူတို့ သိပြီးပြပြီးမဟုတ်လား။အခုတော့ ထိုကောင်လေးမှာ သူတို့အသုံးမကျမှုကြောင့် ဒဏ်ရာရလာခဲ့ပြီထင်။

ခေါင်းဆောင်ကြီး ပွေ့ချီလာပုံထောက် သူတို့ မထောင်းခံရတော့မည်မလား။

Zen4 ခမျာမှာတော့ လသာဆောင်အပေါ်မှ ထိန်နှင့် ကောင်လေး၏ အခြေအနေအရပ်ရပ်ကို မျက်တောင်မခတ် အကဲခတ် ကြည့်ရှု နေမိသည်။အတွေးတွေကလည်း ယောက်ယက်ခတ်လို့နေသည်။သူ့သူငယ်ချင်းကြီးများ အသက်ကြီးမှ ကွေးများကွေးသွားပြီလားမသိ။သမီး ချစ်သူကိုမှ ဆွဲစားဖို့ကြံစည်နေသည်လား။တကယ်ကို မကြံကောင်းမစည်ရာပင်။Zen4 ပုခုံးတွန့်ကာ အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။ကွေးတော့လည်း ကွေးလေပေါ့ ထိန့်ကို သူ နိုင်မည်မှမဟုတ်ပဲလေ။

" ပါပါး....ပါပါး....ကိုကို...ကိုကို ဘယ်နားထိခိုက်သွားသေးလဲ ဟင် ..."

ထိန်တို့ အိမ်ထဲရောက်သည်နှင့် စိန့်ခမျာ စိုးရိမ်စိတ်နှင့် အပေါ်ထပ်ကနေ တစ်ဒုန်းဒုန်း ပြေးဆင်းလာခဲ့သည်။အောက်ထပ်ရောက်လေတော့ ပါပါးက ကိုကို့ ကို ချီပွေ့လျက် အပေါ်ထပ်သို့ တက်ရန်ပြင်နေသည်။

စိန် ကိုကို့ ကို မြင်မှပင် ပိုစိုးရိမ်သွားရတော့သည်။ကိုကို က ပါပါး ဝတ်စုံအောက်တွင် စုန်းစုန်းမြှပ်နေသည်။

" သီဟရော ...."

ပါပါးက စိန့်အမေးကို မဖြေပဲ သီဟကိုတန်းမေးသည်။သီဟ ခမျာ သူ့နာမည်ကို ခေါင်းဆောင်ကြီး အရေးတယူခေါ်ကာမှ လှေကားထစ်အောက်ဆုံးရောက်ခါနီးမှ ရပ်နေသည့် ခြေလှမ်းတွေ အမြန်ပြင်ရတော့သည်။

" ကျွန်တော် ဒီမှာပါ ....ခေါင်းဆောင်..."

" ဆရာဝန် အမြန်ဖုန်းဆက်စမ်း အိမ်အထိခေါ်ရမယ်ဆို လည်း အမြန်သွားခေါ် စမ်း...."

" ဟုတ်ကဲ့ ကျွန်တော် အမြန်ဆုံး ဆောင်ရွက်လိုက်ပါ့မယ် ..."

သီဟ အခုချိန်မှာ ဘာမှအဓွန့်မတက်ရဲ။မကျေနပ်စိတ်တွေရော ခံပြင်းသည့် စိတ်တွေ ပါ မကျန် အကုန် မြိုသိပ်ပြီး ဟိုအကောင်ကို ကယ်ဖို့အတွက်လုပ်ရသည်။ခေါင်းဆောင်ကြီးက သီဟကို စိတ်တွေအတော်ဆိုးနေတာ။အဲ့ဒီ့လိုအချိန်မှာမှ သီဟက အလိုက်မသိရင် ဇိုး ဂိုဏ်းကနေ အကန်ချခံရမည်။ဒီလာက်တော့ သီဟက ပါးနပ်ရမည်လေ။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now