Extra-2

19K 1.2K 100
                                    

(zawgyi)

" ငါအချိန်တွေပေါမနေဘူး ..."

" ကျွန်တော်က ပိုပြီး အချိန်တွေပုပ်တယ်....ဒီကိစ္စတွေအားလုံး ခင်ဗျားတပည့်လာရှုပ်ထားတာ ..."

"  အရှုပ်ထုပ်တွေဖြစ်လာအောင်  မင်းကိုယ်တိုင် လက်ခံခဲ့တာလေ မင်းသာ အပေးအယူကို မမက်နေရင် အဲ့ဒီ့ကောင်က ငါ့ခေါင်းပေါ် တက်လာမှာမဟုတ်ဘူးငါ့အိမ်ထဲရောက်လာပြီး ငါ့သမီးကို ခေါ်သွားစရာအကြောင်းကိုရှိမှာမဟုတ်ဘူး မင်းရဲ့ အရှိန်အဝါနဲ့ ဒီကောင်က ငါ့ကိုအာခံလာတာ ဟား...အဲ့ဒါတွေထားစမ်းပါ မင်းကိုမေးနေတယ် ဘယ်မှာလဲ ငါ့သမီး ..."

ထိန်သည် ပြောနေရင်းမှပဲ ဒေါသတွေ အလိပ်လိုက် ထွက်လာကုန်ပြန်၏။ပြီတီတီ ကောင်ကိုကြည့်လို့မရသည့်အပြင် အချိန်အရမ်းဆွဲနေသည်မို့ ဆွဲဆန့်ထားသည့် စိတ်တွေက အနီရောင်ပြောင်းကာ လူပင်ထသတ်ချင်နေလေပြီ။

နာရီလက်တံတွေ ရွေ့သွားပြီးသည့်တိုင် သူ့သမီးကို အခုထိ မတွေ့ရသေးဘူး။

" ဟုတ်ပါပြီ....ဒွန်...ကောင်မလေးကို သွားခေါ်လိုက် ...."

ကောင်လေးသည် စိတ်လျှော့လိုက်သည့် အသံနှင့် အနားတွင်ရှိနေသည့် သူ့တပည့်တစ်ယောက်ကို ခိုင်းလိုက်သည်။ဒွန်ဆိုသည့် ခပ်ဝဝခပ်ဖိုင့်ဖိုင့်၊အသားညိုညိုနှင့်လူက ထိန်တို့နှစ်ယောက်ကို ပေစောင်း၊ပေစောင်းနှင့် ဘုကြည့်ကကြည့်သွားလိုက်သေးသည်။

" ပါး..."

ခဏအကြာတွင် ဒွန်ဆိုသည့်သူနှင့်အတူ အဖြူရောင် သတို့သမီးဝတ်စုံ ကို ဝတ်ဆင်ထားသည့် သူ့သမီးဖြစ်သူ စိန့်ကိုတွေ့လိုက်ရသည်။

စိန်သည် တုန်ယင်နေသည့်အသံနှင့် ထိန့်ကိုခေါ်လိုက်ကာ ဗြုန်းခနဲ သူ့ကိုဖက်တွယ်လာခဲ့၏။အခုမှပင် သူ့ရင်ထဲကအလုံးကြီး ရှောရှောရှူရှူကျသွားခဲ့ကာ သူ့သမီးကိုယ်လေးကို ခပ်တင်းတင်းဖက်တွယ်မိ၏။
တော်သေးသည်။တကယ်ကို တော်သေးသည်။သူ့သမီးအနာတရမဖြစ်သည့်အပြင် ဘာထိခိုက်မှုသေးသေးလေးမှရှိမနေလို့။

" ပါးတို့လာမှာမှန်း စိန်သိသားပဲ ..."

စိန်သည် ထိန့်ရင်ခွင်ထဲမှ ထွက်လိုက်ကာ ထိန့်မျက်ဝန်းတွေကို စူးစိုက်ကြည့်ရင်း ယုံကြည်ချက်တွေ စွန်းထင်းနေသည့်အသံနှင့်ပြောလာခဲ့၏။ထိန်သည် ဂရုဏာနှင့် သူ့သမီးခေါင်းလေးကို အဆင်ပြေသွားပြီဆိုသည့်အကြောင်းပြသည့်အနေနှင့် ခပ်ဖွဖွပွတ်သပ်လိုက်၏။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now