(3)

22.2K 2.4K 79
                                    

(zawgyi)

ထိန် က ကြောင်ပေါက်လေးလို ကွေးကုတ်သွားပြီးအသားကုန်အာပြဲအော်ကာ တောင်းပန်နေသည့် ကောင်လေးကို စတီခုံပေါ်မှာ ခြေထောက်တစ်ဖက်ချိတ်ရင်း စိန်ပြေနပြေ ထိုင်ကြည့်နေမိသည်။

ပိန်ပိန်ပါးပါးနှင့် ဘာမှအားကိုးလို့ရနိုင်ပုံ မပေါ်သည့် ကလေးသာသာ ကောင်လေးတစ်ယောက်ကို သမီးက ရွေးချယ်လိုက်သည်တဲ့လား....။သတ္တိကလည်း ကြောင်လိုက်သေး ...။သူ့ကိုမြင်တာနှင့် သမီးကိုပင် ဂရုမစိုက် ချစ်သူမဟုတ်ဘူးဟု ဇွတ်အတင်းဗြောင်ငြင်း နေသည့် ပေါက်လွတ်ပဲစားအကောင်လေး...။

တကယ်တော့ သမီးရဲ့ချစ်သူလို့ ပြောလိုက်တာနှင့်ကို ပြောတဲ့အကောင်ကို နေရာမှာတင် သတ်ပစ်လိုက်ချင်တာ ...။သမီးက သိပ်ငယ်သေးသည်။အချစ်နှင့်ထိတွေ့ရမည့် အရွယ်ရောက်သေးတာမဟုတ်ဘူး...။သမီးလေးက သူ့အစ်ကိုရဲ့ သမီး...။

သမီးလေး ဆယ့်နှစ်နှစ်အရွယ်မှာ အစ်ကိုက သူ့ကြောင့် သေနတ်မှန်ဆုံးသွားခဲ့ရသည်။သမီးလေးက သူ့သွေးရင်းသားရင်း မဟုတ်သော်ငြား သူ့မှာ သမီးအရင်းလေးတစ်ယောက်လို ငယ်ကတည်းက ဘယ်လိုတွေပြုစုပျိုးထောင်ခဲ့ရသလဲ ....။

သို့သော်လည်း မတွေ့ရရင်မနေနိုင်လောက်အောင်ကိုပင် သမီးက ကောင်လေးပေးသည့် စာတွေကိုကြည့်ပြီး ကောင်လေးအပေါ် ရူးသွပ်ခဲ့လေတော့ သတ်လိုက်လို့မဖြစ်သေးချေ ....။

သမီးက ကောင်လေးအပေါ်  ခွာချလို့မရသည့် မေတ္တာတွေ တရားလွန်ရှိနေခဲ့သည်။မတတ်နိုင် သမီးကသဘောမတူလျှင် ထင်ရာတွေ ဇွတ်လုပ်ပေဦးမည်။

လေတိုက်ရင်တောင် ပြိုလဲတော့မလို့ ဖြစ်နေသည့် ဝါးခြမ်းပြား ခန္ခာကိုယ်နှင့် ကောင်လေးက သူ့သားမက် ဖြစ်လာမည်ပေါ့ ...။

ခါးလွန်းလိုက်သည့် အတွေးတွေ...။

" ဟေ့ ....ဟေ့...ကောင်လေး...ထစမ်း...ဘယ်လိုကို ပျော့ညံ့နေရတာလဲ ....ထစမ်း ..."

လူတစ်ယောက်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် အက်ရှရှအသံက ညီညီ့ နားစည်ထဲ ဝင်ရောက်လာသည်။ဘယ်လို သြဇာအာဏာပြည့်ဝသည့် အသံလဲတော့ မသိ ငိုနေတာကိုရပ်ကာ ချက်ချင်းမတ်တပ်ထရပ်စေနိုင်သည့် အစွမ်းတော့ရှိသည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now