(12)

16K 1.9K 39
                                    

(zawgyi)
ခန္ဓာကိုယ်သန်မာဖို့အတွက် နံပါတ်တစ်အချက်က လှုပ်ရှားမှုများလေ ကောင်းလေပါ...။ဘောလုံးသမားတွေ၊ကိုယ်ခံပညာရှင်တွေ၊အပြေးအားကစားသမားတွေ၊ဘတ်စကတ်ဘောကစားသည့် သူတွေ သာမန်လူတွေထက် ပိုပြီးမာကျောသည့ ပုံစံကို ပိုင်ဆိုင်ထားကြခြင်းက ခြေထောက်လှုပ်ရှားမှုများလို့ပါ...။

ခြေထောက်လှုပ်ရှားမှုများလေလေ ခြေထောက်ရဲ့ အရိုးအဆစ်တွေက သိပ်သည်းမာကျောလေပါပဲ။
ဒါကြောင့် ထိန်က ကောင်လေးကို သန်မာသည့် ခြေထောက်တွေရဖို့ သင့်တော်သည့် လေ့ကျင့်ခန်းအနေနဲ့ မနက်တိုင်းထပြီး ပြေးခိုင်းနေခြင်းပါ...။

ဒုတိယအနေနှင့်ကတော့ လက်မောင်းကြွက်သားတွေ သန်မာလာဖို့ လက်မောင်းကို လှုပ်ရှားသည့် အနေနှင့် ရေထည့်လို့မရသည့် ခြင်းကြားနှင့် ရေကန်ထဲ ရေဖြည့်ခိုင်းခြင်းပင်။ကောင်လေးက ညည်းညည်းညူညူ နှင့် မထုံတတ်သေးပုံစံပေမယ့် ဆူပုတ်ပြီး ထိန် ခိုင်းသမျှ လိုက်တော့လုပ်သည်ပင်။

တတိယအနေနှင့်...ခဲတွေအစုလိုက်အပြုံလိုက်ထည့်ထားသည့် အိတ်ကို နေရာတစ်ခုမှာ ချိတ်ဆွဲပြီး ကန်ခြင်းပါ...။အားသုံးကန်ရခြင်းမဟုတ်ပဲ ဖြေးဖြေးမှန်မှန်နှင့် အချက်ရေ များများကန်ရခြင်းပါပဲ ...။အခုတော့ ကောင်လေးရဲ့ ခြေထောက်သေးသေးလေးက ခဲအိတ်ကို မကျေနပ်မျက်နှာပေးနှင့် ကန်နေသည်ကို ထိန်က လက်ပိုက်ပြီး မတ်တပ်ရပ်ကြည့်နေရသည်ပင်။

ဂိုဒေါင် တစ်ခုလုံးက ကောင်လေး ခဲအိတ်ကို ကန်သည့် အသံမှလွဲ အရာအားလုံးတိတ်ဆိတ်နေသည်။ဘောင်းဘီတိုတိုလေး ဝတ်ထားသည့် ဖြူဖွေးဖွေး ခြေထောက်လေးက ယခုချိန်ထိ တုတ်လာခြင်းမရှိသေးပေ...။နောက်လုပ်ခိုင်းမည့် အရာတွေ ကြံ့ကြံ့ခိုင်ပြီး လုပ်နိုင်ပါ့မလားမသိ...။ကျန်သည့် အရာတွေက ယခုထက်တွေပင် ဒီကောင်လေးအတွက် ပိုမိုခက်ခဲပေဦးမည်။

ခက်သည် တကယ်ကိုခက်သည်။သာမန်တပည့်တစ်ယောက်မဟုတ်ပဲ သားမက်တစ်ယောက် ဖြစ်လာမည်မို့ အကြမ်းပတမ်းကိုင်တွယ်လိုက်လို့ကလဲ အဆင်မပြေ ...။ပိုးမွေးသလို မွေးနေရသည်ပင်။
သူ့လက်ထဲမှာရှိနေရင်း ...တစ်ခုခု ဖြစ်သွားမှာကို ကြောက်သည်။

Father-In-Law Is My Boyfriend(Completed)Where stories live. Discover now